ဗီယက်နမ် နိုင်ငံမှာ မနေ့က ကန်သွားတဲ့ ယူ ၁၅ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ နောက်ဆုံး ပွဲစဉ်မှာ မြန်မာ လူငယ် အသင်းနဲ့ အိမ်ရှင် ဗီယက်နမ် အသင်းတို့ တဘက်နဲ့ တဘက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိ သရေကျ သွားပါတယ်။
ပြီးခဲ့တဲ့ ပွဲစဉ်တွေ မှာတော့ မြန်မာ အသင်းဟာ တရုတ် တိုင်ပေနဲ့ ၂ ဂိုးစီသရေ ကျပြီး အင်ဒိုနီးရှားကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့် ခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်တွေအားလုံးအပြီးမှာ အင်ဒိုနီးရှား ယူ ၁၅ အသင်းက ပထမ၊ အိမ်ရှင် ဗီယက်နမ်အသင်းက ဒုတိယ၊ မြန်မာယူ ၁၅ အသင်းက တတိယ၊ တရုတ်တိုင်ပေ ယူ ၁၅ အသင်းက စတုတ္ထ အသီးသီး ရပ်တည်ခဲ့ကြပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/213236

No comments:
Post a Comment