မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, June 20, 2017

ကွန်ဖက်ဒရေးရှင်း ဖလား ဂျာမနီက သြစတြေးလျကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)




ကွန်ဖက် ဒရေးရှင်း ဖလား ပြိုင်ပွဲ အုပ်စုဘီ အဖွင့် ပွဲစဉ်မှာ လက်ရှိ ကမ္ဘာ့ ဖလား ချန်ပီယံ ဂျာမနီက အာရှဖလား ချန်ပီယံ သြစတြေးလျကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ဇွန်လ ၁၉ ရက်က ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ဂျာမနီ အသင်းဟာ မျက်နှာသစ် လူငယ် ကစားသမား အများ အပြားနဲ့ ပွဲထွက် လာခဲ့ပေမယ့် ဘောလုံး ပိုင်ဆိုင်မှုရော ဂိုးကန်သွင်း ခွင့်မှာပါ အသာရပြီး အဖွင့်ပွဲမှာ အနိုင် ၃ မှတ် ရယူနိုင် ခဲ့တာပါ။

ဂျာမနီအတွက် အဖွင့်ဂိုးကို ပွဲအစ ၅ မိနစ်မှာ Stindl က သွင်းယူပေးခဲ့ပေမယ့် ၄၁ မိနစ်မှာ Rogic က သြစတြေးလျအတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၄၄ မိနစ်မှာ ဒရက်ဇ်လာက ပယ်နယ်တီမှတဆင့် ဂျာမနီအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ ဂျာမနီက ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ပါတယ်။

ဂျာမနီအသင်းဟာ ဒီပွဲမှာ လူငယ်ကစားသမားတွေရဲ့ ကစားအားနဲ့ ထိုးဖောက်ကန်သွင်းမှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ၄၈ မိနစ်မှာ Goretzka က တတိယဂိုး သွင်းယူပေးခဲ့ပါတယ်။

ပွဲချိန် ၅၆ မိနစ်မှာ Juric က သြစတြေးလျအတွက် ချေပဂိုးတဂိုး သွင်းယူပေးခဲ့ပြီး နောက်ထပ် တဘက်နဲ့တဘက် ဂိုးထပ်မသွင်းနိုင်ဘဲ ပွဲအပြီးမှာ ဂျာမနီက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

အုပ်စုဘီ တခြားပွဲစဉ်မှာတော့ တောင်အမေရိက ချန်ပီယံ ချီလီက အာဖရိက ချန်ပီယံ ကင်မရွန်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

အုပ်စုဘီက တပွဲစီ ယှဉ်ပြိုင်အပြီးမှာတော့ တပွဲစီနိုင်ပြီး ရမှတ် ၃ မှတ်စီ တူညီပေမယ့် ဂိုးကွာခြားချက်အရ ချီလီက အုပ်စု ပထမ၊ ဂျာမနီက ဒုတိယ၊ သြစတြေးလျက တတိယနဲ့ ကင်မရွန်းက စတုတ္ထနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/213398

No comments:

Post a Comment