မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, June 20, 2017

ရာသီကြို ခြေစမ်းပွဲ မန်ယူက အသင်းကြီးများနှင့် ခြေစမ်းမည်




မန်ချက် စတာ ယူနိုက်တက် အသင်း အနေနဲ့ လာမယ့် ရာသီကြို ခြေစမ်း ပွဲစဉ် အဖြစ် အယ်လ်အေ ဂလက်ဆီ၊ ရီးရဲလ် မက်ဒရစ်၊ ဘာစီလိုနာ၊ မန်စီးတီး အသင်း တွေနဲ့ ကစားဖို့ ရှိနေ ပါတယ်။

ဒီလို အသင်းကြီးတွေနဲ့ ခြေစမ်းပွဲတွေ ကစားတာဟာ အသင်းက လူငယ်ကစားသမားတွေအတွက် ခြေစွမ်းတွေ တိုးတက်လာဖို့ ပြင်ဆင်ပေးတာနဲ့ တူတယ်လို့ မန်ယူနည်းပြဟောင်း ဖာဂူဆန်က ဆိုပါတယ်။

ဒါ့အပြင် မော်ရင်ဟို ကိုင်တွယ်နေတဲ့ အသင်းဟာ လာမယ့်ရာသီမှာ ပြီးခဲ့တဲ့ရာသီထက် ပိုမိုပြီးတော့ ချောမွေ့လိမ့်မယ်လို့လည်း ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ရာသီသစ်မှာ ကစားသမားခေါ်ယူဖို့ ပြင်ဆင်နေပြီး လက်ရှိမှာတော့ ဗစ်တာလင်ဒယ်လော့ဖ် တဦးတည်းကိုသာ ခေါ်ယူထားပါတယ်။

တိုက်စစ်မှူး အီဘရာဟီမိုဗစ်နေရာမှာ အစားထိုးဖို့အတွက် မိုရာတာကိုလည်း ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/213428

No comments:

Post a Comment