
လက်စတာ စီးတီး အသင်းက လစ်လပ် နေတဲ့ နည်းပြ ရာထူး နေရာမှာ ကရက် ရှိတ်စပီးယားကို ကမ်းလှမ်း လိုက်ပါတယ်။
နည်းပြသစ် အဖြစ် ကရက် ရှိတ်စပီယားကို ဒီနှစ်ရာသီ မကုန်ခင် အထိ ကမ်းလှမ်းတာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြ ထားပါတယ်။
သူဟာ အထုတ်ခံရတဲ့ နည်းပြ ရိုင်နရီရဲ့ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
လက်စတာအသင်းဟာ ယာယီနည်းပြ ကရက်ရှိတ်စပီးယားလက်ထက်မှာ ကစားထားတဲ့ ၂ ပွဲစလုံး အနိုင်ရထားပါတယ်။
အသက် ၅၃ နှစ်အရွယ် နည်းပြ ကရက်ရှိတ်စပီးယားဟာ အချိန်ပြည့် နည်းပြတာဝန်ကို ထမ်းဆောင်ဖူးတဲ့ အတွေ့အကြုံ မရှိသေးတဲ့သူလည်း ဖြစ်ပါတယ်။
လက်စတာအသင်းဟာ နည်းပြရာထူးနေရာအတွက် အင်္ဂလန်မန်နေဂျာဟောင်း ရွိုင်းဟော့ဆန်နဲ့ စကားပြောဆိုထားပါတယ်။
လက်စတာအသင်းဟာ လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဆီဗီလာကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပထမအကျော့ ယှဉ်ပြိုင်ခဲ့တုန်းက လက်စတာဟာ အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/193509






No comments:
Post a Comment