မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, February 15, 2017

ဘိုင်ယန်မြူးနစ် ၅-၁ အာဆင်နယ် ပွဲစဉ်က ပေးတဲ့ သင်ခန်းစာ (၄) ခု




အာဆင်နယ် အသင်းရဲ့ ချန်ပီယံလိဂ် ကံကြမ္မ ဆိုးဟာ ယခုချိန် အထိ လွတ်မြောက် နိုင်ခြင်း မရှိသေး ပါဘူး။ ဒီကနေ့ မှာလည်း ဘိုင်ယန် မြူးနစ် အသင်းကို ပထမ အကျော့မှာ ၅-၁ ဂိုးနဲ့ ရှုံးနိမ့် သွားခဲ့ပြီ ဖြစ်လို့ အသင်းရဲ့ချန်ပီယံလိဂ် အိပ်မက်ဟာ ပျယ်လွင့်လု နီးနီး ဖြစ်သွားပါပြီ။

အာဆင်နယ်ဟာ ငါးနှစ်အတွင်း ဘိုင်ယန်မြူးနစ်နဲ့ သုံးကြိမ်ဆုံတွေ့ကာ ပြိုင်ပွဲက သုံးကြိမ်လုံးထွက်ရမယ့်အခြေအနေကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲအပြီးရလာတဲ့ သင်ခန်းစာ (၅) ခုရှိပါတယ်။

၁။ အာစင်ဝင်းဂါးရဲ့ အနာဂတ်

ဒီရှုံးပွဲဟာ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးရဲ့ အနာဂတ်ကို အကြီးအကျယ်လှုပ်ခပ်သွားစေပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ် ကျိန်စာဆိုးက လွတ်မြောက်ကို အာစင်ဝင်းဂါးကို စတေးရတော့မယ်ဆိုတဲ့ အတွေးတွေလည်း ဝင်လာကြပြီပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဒုတိယပိုင်းလေးဆယ့်ငါးမိနစ်ဟာ အာစင်ဝင်းဂါးရဲ့ အနာဂတ်ကို ကိုင်လှုပ်လိုက်တာဖြစ်ပါတယ်။

၂။ ဘိုင်ယန်မြူးနစ်ကျိန်စာ

တော်ရုံရေစက်ပါရုံမျိုးနဲ့တော့ အာဆင်နယ်ဟာ ငါးနှစ်အတွင်း ဘိုင်ယန်မြူးနစ်နဲ့ သုံးကြိမ်ဆက်တိုက် တွေ့စရာအကြောင်းမရှိပါဘူး။ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ဘိုင်ယန်ုမြူးနစ်နဲ့တွေ့တိုင်းလည်း အာဆင်နယ်အသင်း ထွက်ခဲ့ရတာချည်းပါပဲ။ ဒီတစ်ခေါက်လည်း ပထမအကျော့မှာတင် ၅-၁ ဂိုးနဲ့ မရှုမလှခံလိုက်ရလို့ ပြိုင်ပွဲကို နှုတ်ဆက်ရဖို့ ပိုနီးစပ်လာပြီဖြစ်ပါတယ်။

၃။ ဂိုးသမား အော်စ်ပင်နာ

အာဆင်နယ်တစ်သင်းလုံးခြေစွမ်း မကောင်းခဲ့သလို အာဆင်နယ်ဂိုးသမား အော်စပင်နာလည်း အမှားများခဲ့ပါတယ်။ လီဝမ်ဒေါစကီးရဲ့ ခေါင်းတိုက်ဂိုးမှာ အော်စ်ပင်နာရဲ့အမှားတွေ မြင်ခဲ့ရပါတယ်။ အော်စ်ပင်နာဟာ ဒီပွဲစဉ်အတွင်း အမှားများစွာကို ဆက်တိုက်ကျူးလွန်မိခဲ့တဲ့ ဂိုးသမားဖြစ်ပါတယ်။

၎။ သိသိနှင့် မတားဆီးနိုင်ခြင်း

ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ရော်ဘင်ဟာ ဘယ်ခြေနဲ့ တို့ကာတို့ကာ ဘောလုံးဆွဲလာပြီး ဂိုးသွင်းယူတတ်သူဆိုတာ အားလုံးသိထားပြီးသားပါ။ အာဆင်နယ်ကစားသမားတွေလည်း ဒါကိုသိပါတယ်။ ဒါကိုတောင်မှာ ရော်ဘင်တစ်ယောက် အာဆင်နယ် ဂိုးဧရိယာထိပ်မှာဘောလုံးဆွဲလာတာကို လွတ်လွတ်လပ်လပ်ခွင့်ပြုမိခဲ့ပြီး ကွင်းလယ်ခံစစ်ကစားသမား ကိုကီလင်းက ရော်ဘင်ကိုပဲ ဂိုးဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ ကန်ခွင့်ပေးခဲ့လို့ တစ်ဂိုးခွင့်ပြုလိုက်ရပြန်ပါတယ်။

ှSource : Mirror

From : Duwun by KK

Originally published at - http://www.duwun.com.mm/sports/-id6229972.html

No comments:

Post a Comment