မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, February 15, 2017

ဘိုင်ယန် မြူးနစ်ကို ကျော်ဖြတ် နိုင်စွမ်းရှိဟု အာဆင်နယ် နောက်ခံလူ မူစတာဖီ ပြော




ဘိုင်ယန် မြူးနစ် အသင်းဟာ ထိပ်တန်း အသင်း တသင်း ဖြစ်ပေမယ့် အနိုင်ယူ ကျော်ဖြတ် နိုင်စွမ်း ရှိတယ်လို့ အာဆင်နယ် နောက်ခံလူ မူစတာဖီက ပြောကြား လိုက်ပါတယ်။

အာဆင်နယ် အသင်းဟာ လာမယ့် ဖေဖော်ဝါရီ ၁၆ ရက်မှာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ် အဖြစ် ဂျာမန် ထိပ်သီး ဘိုင်ယန်မြူးနစ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပါ။

ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွေမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ အာဆင်နယ်ကို ကျော်ဖြတ်ခဲ့တဲ့နှစ်တွေ ရှိခဲ့တာကြောင့် ဒီနှစ်မှာလည်း ခက်ခဲဦးမှာဖြစ်တယ်လို့ မူစတာဖီက ဆိုပါတယ်။

ဒါပေမယ့် ပရီးမီးယားလိဂ်အသင်းတွေနဲ့ ကစားခဲ့တဲ့ပွဲတွေလို အာရုံစူးစိုက်မူ အပြည့်နဲ့ ကစားမယ်ဆိုရင် ဘိုင်ယန်မြူးနစ်အသင်းကို ကျော်ဖြတ်နိုင်တယ်လို့ မူစတာဖီက ဆိုပါတယ်။

ဂျာမနီလက်ရွေးစင်တဦးဖြစ်တဲ့ မူစတာဖီဟာ ဒီနှစ်ဘောလုံးရာသီ အာဆင်နယ်အသင်း ခံစစ်မှာ ပုံမှန်ခြေစွမ်းပြသနေပြီး လက်ရွေးစင်အသင်းဖော်တွေရှိတဲ့ ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရဖို့ မျှော်လင့်နေတာပါ။

အာဆင်နယ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၁၃-၂၀၁၄ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေမှာ တွေ့ဆုံခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ်တွေနဲ့ ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

ဓာတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/189600

No comments:

Post a Comment