
ဖေဖော်ဝါရီ ၁၄ ရက်ညက ယှဉ်ပြိုင်တဲ့ ဥရောပ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်း အဆင့် ပထမ အကျော့ ပွဲစဉ်မှာ ဂျာမန်ကလပ် ဒေါ့မွန်က ပေါ်တူဂီ ကလပ် ဘင်ဖီကာကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့် သွားပါတယ်။
ဒေါ့မွန်ဟာ ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှုရော ဂိုးကန် သွင်းခွင့်မှာပါ အသာစီး ရခဲ့ပေမယ့် ကန်သွင်း ချက်တွေ လွဲချော်တာ၊ ဘင်ဖီကာ ဂိုးသမား ကာကွယ်နိုင် တာတွေကြောင့် လိုအပ်တဲ့ အနိုင်ဂိုးတော့ မရခဲ့ပါဘူး။
ပွဲချိန် ၅၈ မိနစ်မှာ ဒေါ့မွန် ပယ်နယ်တီ ကန်ခွင့်ရပြီး တိုက်စစ်မှူး အော်ဘာမီယန်း ကန်သွင်းချက် ဘင်ဖီကာ ဂိုးသမား ကာကွယ်နိုင် ခဲ့တဲ့ အတွက်လည်း ဒေါ့မွန်တို့ နစ်နာ ခဲ့ရပါတယ်။
ဘင်ဖီကာ အတွက် တလုံးတည်းသော အနိုင်ဂိုး ကိုတော့ ပွဲချိန် ၄၈ မိနစ်မှာ တိုက်စစ်မှူး Konstantinos Mitroglou က အနီးကပ် ပိတ်သွင်းပြီး ရယူပေး ခဲ့တာပါ။
ဒီနှစ်သင်းရဲ့ ဒုတိယ အကျော့ ပွဲစဉ်ကိုတော့ လာမယ့် မတ်လ ၈ ရက်နေ့ကျရင် ဒေါ့မွန်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/189577

No comments:
Post a Comment