
ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပထမ အကျော့ ပွဲစဉ် အဖြစ် ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ ဖေဖော်ဝါရီ ၁၄ ရက်ညက ယှဉ်ပြိုင်ရာ ပီအက်စ်ဂျီက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
ဘာစီလိုနာဟာ ဒီပွဲမှာ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ တိုက်စစ် အတွဲ အပါအဝင် အဓိက ကစားသမား တွေနဲ့ ပွဲထွက်လာ ခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခြင်း မရှိဘဲ ပီအက်စ်ဂျီကွင်းမှာ ဂိုးပြတ် အရှုံးပေး လိုက်ရတာပါ။
ဘောလုံးပိုင်ဆိုင်မှုမှာ ဘာစီလိုနာက အနည်းငယ် အသာစီး ရခဲ့ပေမယ့် ဂိုးကန် သွင်းခွင့် မှာတော့ ပီအက်စ်ဂျီက အပြတ် အသာစီး ရခဲ့ပါတယ်။
ပီအက်စ်ဂျီအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၈ မိနစ်နဲ့ ၅၅ မိနစ်တွေမှာ ဒီမာရီယာ၊ မိနစ် ၄၀ မှာ ဒရက်စ်လာနဲ့ ၇၁ မိနစ်မှာ ကာဗာနီတို့က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ အထူးခြေစွမ်းပြပြီး ၂ ဂိုးသွင်းယူပေးခဲ့တဲ့ ပီအက်စ်ဂျီကွင်းလယ်လူ ဒီမာရီယာကို ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/189574

No comments:
Post a Comment