မြန်မာနေရှင်နယ်လိဂ်အောလ်စတားအသင်းနှင့်ခြေစမ်းရန် မြန်မာအသင်းလေ့ကျင့်နေစဉ်။(ဓာတ်ပုံ- MFF) |
ဧပြီ ၂၃၊ ရန်ကုန်
မေလ ၁ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ ဘောလုံး ကွင်းတွင် ကျင်းပမည့် မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းနှင့် မြန်မာ နေရှင်နယ်လိဂ် အောလ်စတား အသင်း တို့ခြေစမ်း ပွဲကို ပရိသတ် များအား အခမဲ့ကြည့်ခွင့် ပြုမည် ဖြစ်သည်။
အဆိုပါခြေစမ်းပွဲကို ညနေ ၅း၀၀နာရီတွင်ကစားမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းမှာ ယင်းပွဲအတွက် ဧပြီလ ၂၁ရက်ကတည်းက လေ့ကျင့်မှုများပြုလုပ်နေသည်။
မြန်မာအသင်းမှာ မြန်မာနေရှင်နယ်လိဂ်အောလ်စတားအသင်းနှင့်ခြေစမ်းပွဲကစားအပြီးတွင် မေ ၂၈ရက်၌ မလေးရှား လက်ရွေးစင် ဘောလုံး အသင်းနှင့် ခြေစမ်းပွဲ ဆက်လက် ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် ကစားမည့် မြန်မာနေရှင်နယ်လိဂ် အောလ်စတား အသင်းကို မြန်မာနေရှင်နယ်လိဂ် ကလပ် အသင်းများမှနိုင်ငံခြားသား ကစားသမားများဖြင့်ဖွဲ့စည်းမည် ဖြစ်ပြီး နည်းပြ အဖြစ် ရန်ကုန်နည်းပြ မာယန်(သို့) မြန်မာယူ-၁၄ အသင်းနည်းပြ အဲရစ်ဝီလျံတို့တာဝန်ယူကိုင်တွယ်ဖွယ်ရှိသည်။
မဇ္ဈိမသတင်း by - ရဲရင့်ဋ္ဌေး
Originally published at - http://mizzimaburmese.com/article/13479
No comments:
Post a Comment