
ယခု သီတင်း ပတ်တွင် အဲဗာတန် တိုက်စစ်မှူး လူကာကူ ကို အနီးကပ် စောင့်ကြည့် မည်ဟု ချယ်လ်ဆီး နည်းပြက အတည်ပြု ပြောကြား သော်လည်း ယင်းမှာ လူကာကူကို နွေရာသီတွင် ခေါ် ယူရေးထက် တနင်္ဂနွေ နေ့တွင် ၎င်း ဂိုးမသွင်း နိုင်အောင် ထိန်းချုပ် ရန်ဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် တရုတ်ကလပ်သို့ ပြောင်းရွှေ့ရန် တစ်ပြေးနေသော ကော်စတာနေ ရာ၌ အစားထိုးရန် လူကာကူကို ဒေါ်လာ ၂၈ သန်းဖြင့် ၀ယ်ယူမည် ဟု သတင်းများတွင် အကြိမ်ကြိမ် ဖော်ပြခံရသည်။
လူကာကူသည် ကော်စတာ ၏ ၁၉ ဂိုးထက်ပိုမိုများသော ဂိုး ပေါင်း ၂၄ ဂိုးသွင်းယူသည့် ပရီးမီး ယားလိဂ် ထိပ်တန်းဂိုးသွင်းရှင်ဖြစ် ပြီး ချယ်လ်ဆီးအနေဖြင့် ယနေ့ည အဲဗာတန်နှင့်တွေ့ဆုံချိန်တွင် ၎င်း ကို ထိန်းချုပ်ရမည်ဖြစ်သည်။
‘‘သူဟာ အရမ်းကောင်းတဲ့ ကစားသမားပါ။ ဒီရာသီမှာ ဂိုး တွေအများကြီးသွင်းနေပါတယ်။ သူ့ကို သေသေချာချာစောင့်ကြည့် သွားရပါမယ်’’ဟု ချယ်လ်ဆီးနည်းပြကွန်တီက ပြောသည်။
လူကာကူကို အသင်းတွင် ရှိ စေချင်ပါသလားဟု မေးမြန်းရာမိမိ အတွက်ဆိုလျှင် လက်ရှိကစား သမားများသာ အကောင်းဆုံးဖြစ် သည်ဟု ကွန်တီကပြောသည်။
From : 7 Day daily news
Originally published at - http://www.7daydaily.com/story/94826

No comments:
Post a Comment