
လန်ဒန် - နှစ်ပေါင်း ၂၀ ကျော် အထိ အာဆင်နယ် အသင်းထက် နိမ့်သော အဆင့်ဖြင့်သာ ရာသီ ကုန်ဆုံးခွင့် ရခဲ့သည့် မိမိတို့ စပါး အသင်းသည် ယခု အခါ ပြီးခဲ့သော ရာသီ ကထက် ပိုမို ရင့်ကျက်လာ ပြီဖြစ်ကာ ပရီးမီးယားလိဂ် ဖလား ရရှိရေး တိုက်ပွဲ ၀င်ရန် စွမ်းပကား ပိုရှိနေပြီဟု စပါးနည်းပြ ပိုချက် တီနိုက ပြောသည်။
ရာသီကုန်ရန် ငါးပွဲသာလိုတော့သည့်အချိန်၌ စပါးသည် အာဆင်နယ်ကို ယနေ့ညအနိုင်ရပါက ၁၇ မှတ်ဖြတ်ထားနိုင်မည်ဖြစ်ကာ ၂၂ နှစ်အတွင်း ပထမဆုံး အကြိမ် အာဆင်နယ်ထက် အဆင့်ပိုမြင့်သောနေရာဖြင့် ရာသီကုန်ဆုံးခွင့်ရမည်ဖြစ်သည်။
သို့သော်အာဆင်နယ်ထက် အဆင့်ပိုမြင့်သော နေရာရရှိရေး ထက် ပရီးမီးယားလိဂ်ဖလား ရရှိ ရေးသာ အဓိကအာရုံစိုက်ထား သည်ဟု ပိုချက်တီနိုက ပြော သည်။
အာဆင်နယ်သည် စပါးအ သင်းထက် မြင့်သောနေရာဖြင့် ရာသီကုန်ဆုံးခွင့်ရရေးသည် နှစ် ပေါင်း ၂၀ အထိ အရေးမကြီးခဲ့ သော်လည်း ယခုအရေးကြီးလာပြီ ဖြစ်ကြောင်း အာစင်ဝင်းဂါးက ပြောကြားသည်။
တစ်သင်းတည်းသော ဖလားပြိုင်ဘက်ချယ်လ်ဆီးက အမှတ် ပေးဇယားထိပ်ဆုံး၌ လေးမှတ် ဖြတ်၍ ဦးဆောင်ထားစဉ် စပါး က ချယ်လ်ဆီးကို အမီလိုက်ရန် ကြိုးပမ်းနေပြီး ယခင်ကကဲ့သို့ ကပ်၍ ရှုံးနိမ့်ရသလိုမျိုး ထပ်မံမကြုံ တွေ့စေရန် ပိုချက်တီနိုက အသင်းသားများအား တိုက်တွန်းထား သည်။
မိမိတို့အသင်းသည် ယခင် ထက်ပို၍ တိုးတက်လာပြီး ဖလားရရေးတိုက်ပွဲဝင်ရန် စွမ်းအားများလည်း ပိုမိုရှိနေပြီဟု ယုံကြည် ကြောင်း ပိုချက်တီနိုက ပြော ကြားသည်။
လာမည့်ရာသီတွင် အိမ် ကွင်းပွဲများကို ၀င်ဘလေကွင်း၌ ယှဉ်ပြိုင်မည့် စပါးအသင်းသည် ယင်းအခြေအနေကြောင့် ရိုက်ခတ်မှုများရှိလာနိုင်သည်ဟု အာစင်ဝင်းဂါးက ပြောသည်။
—Ref:Goal/Sky
From : 7 Day daily news
Originally published at - http://www.7daydaily.com/story/94827

No comments:
Post a Comment