
စပါး အသင်းဟာ လာမယ့် ရာသီမှာ အိမ်ကွင်း ပွဲစဉ်တွေကို ၀င်ဘလေ ကွင်းမှာ ပြောင်းလဲ ကျင်းပမယ်လို့ အသင်း ဥက္ကဋ္ဌ လီဗိုင်းက အတည်ပြု ပြောကြား လိုက်ပါတယ်။
လက်ရှိ စပါး အသင်းရဲ့ အိမ်ကွင်း ဖြစ်တဲ့ ၀ိုက်ဟတ်လိန်း ကွင်းကို ပရိသတ် ၆၁၀၀၀ ၀င်ဆံ့တဲ့ ကွင်းအဖြစ် တည်ဆောက်နေ တာကြောင့် အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် ပိုင်ဆိုင်တဲ့ ၀င်ဘလေ ကွင်းမှာ ပြောင်းရွှေ့ကျင်းပဖို့ ဆုံးဖြတ် ခဲ့တာပါ။
စပါးအသင်းအနေနဲ့ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲလည်း ယှဉ်ပြိုင်ကစားရမယ့်အခြေနေမှာ ရှိနေပါတယ်။
ပရိသတ် ၉ သောင်း ၀င်ဆံ့တဲ့ ၀င်ဘလေကွင်းဟာ စပါးအသင်းလက်ရှိ ကစားနေတဲ့ ၀ိုက်ဟတ်လိန်းကွင်းနဲ့ ၁၂ မိုင်လောက်ဝေးကွာပြီး အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ပွဲစဉ်တွေနဲ့ ရှုံးထွက် ဖလား ဗိုလ်လုပွဲတွေ လက်ခံ ကျင်းနေတာ ဖြစ်ပါတယ်။
စပါးအသင်းဟာ လာမယ့်ရာသီမှာပဲ ၀င်ဘလေကွင်းကို ငှားရမ်းအသုံးပြုမှာဖြစ်ပြီး လာမယ့် ၂၀၁၉ ခုနှစ်မှာတော့ လက်ရှိတည်ဆောက်နေတဲ့ ပရိသတ် ပရိသတ် ၆၁၀၀၀ ဆံ့ ၀ိုက်ဟတ်လိန်းကွင်းကိုပဲ ပြန်လည်အသုံးပြုမှာဖြစ်တယ်လို့သိရပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/203899





No comments:
Post a Comment