
မနေ့ ညက ယှဉ်ပြိုင် ကစားခဲ့ ကြတဲ့ စပိန် လာလီဂါ ပွဲစဉ်တွေ မှာတော့ ဖလား ရရေး အပြိုင်ဖြစ် နေတဲ့ ရီးရဲလ် မက်ဒရစ် နဲ့ ဘာစီလိုနာတို့ အသီးသီး အနိုင် ရရှိခဲ့ ကြပါတယ်။
ရီးရဲလ် အသင်း ကတော့ အိမ်ကွင်းမှာ ဗလင်စီယာ အသင်းကို ၂-၁ ဂိုးနဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်ဟာ အိမ်ရှင်ဖြစ်တာနဲ့ အညီ ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။
ရီးရဲလ်အသင်းအတွက် ပထမဂိုးကို ပွဲချိန် ၂၇ မိနစ်မှာ ရော်နယ်ဒိုက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် ပွဲချိန် ၅၇ မိနစ်မှာ ရီးရဲလ်က ပင်နယ်တီ ရရှိခဲ့ပြီး ရော်နယ်ဒို ကန်သွင်းရာ ဂိုးမ၀င်ခဲ့လို့ နစ်နာခဲ့ရပါတယ်။
ဗလင်စီယာအတွက် ခြေပဂိုးကိုတော့ ပွဲချိန် ၈၂ မိနစ်မှာ ဒန်နီရယ်က သွင်းယူခဲ့ပြီး ရီးရဲလ်အတွက် အဖိုးတန် အနိုင်ဂိုးကိုတော့ မာဆယ်လိုက ပွဲချိန် ၈၆ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းကတော့ အဝေးကွင်းမှာ အက်စ်ပန်ညှော်အသင်းကို ၃ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
ဘာစီလိုနာအတွက် အနိုင်ဂိုးတွေကို လူးဝစ်ဆွာရက်ဇ်က ၂ ဂိုးနဲ့ အီဗန်က ၁ ဂိုး သွင်းယူခဲ့ကြတာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ အမှတ်ပေးဇယားမှာ ၃၅ ပွဲကစား ရမှတ် ၈၁ မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး ရဲးရဲလ်ကတော့ ၃၄ ပွဲကစား ရမှတ် ၈၁ မှတ် ဂိုးကွာခြားချက်ကြောင့် ဒုတိယ နေရာမှာ ရပ်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/203899

No comments:
Post a Comment