မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 23, 2016

၂၀၁၆ တနှစ်တာ ဆွီဒင် အကောင်းဆုံး ဘောလုံးသမားဆု အီဘရာဟီ မိုဗစ်ခ်ျ ရရှိ




ဆွီဒင် ဘောလုံး အဖွဲ့ချုပ်က ချီးမြှင့်တဲ့ ၂၀၁၆ တနှစ်တာ အကောင်းဆုံး ဘောလုံး သမားဆုကို မန်ယူ တိုက်စစ်မှူး အီဘရာဟီ မိုဗစ်ခ်ျ ရရှိခဲ့ ပါတယ်။

အီဘရာဟီ မိုဗစ်ခ်ျဟာ အဲဒီ ဆုကို ၂၀၀၅ ခုနှစ်မှာ စတင် ရရှိခဲ့ပြီး ၂၀၀၆ မှာတော့ ဖရက်ဒရစ် လွန်းဘတ်က ရရှိခဲ့ ပါတယ်။

အဲဒီနောက် ၂၀၀၇ ခုနှစ်မှာ ပြန်ရ ခဲ့ပြီး အခု အကြိမ်နဲ့ဆို ၁၀ နှစ်ဆက်တိုက် ရခဲ့တာပါ။

ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲမှာ ဆွီဒင် အသင်း အုပ်စုအဆင့်မှ ထွက်ခဲ့ ရပြီးနောက် အသက် ၃၅ နှစ် အရွယ် မိုဗစ်ခ်ျဟာ နိုင်ငံလက်ရွေးစင် အသင်းကနေ အနားယူ ခဲ့တာပါ။

ဆွီဒင်ဘောလုံး အဖွဲ့ချုပ်အနေနဲ့ စတော့ဟုမ်းက Friends Arena ဘောလုံးကွင်းရှေ့မှာ မိုဗစ်ခ်ျရုပ်တု စိုက်ထူ ဂုဏ်ပြုဖို့ စီစဉ်နေ တာလည်း ရှိပါတယ်။

မိုဗစ်ခ်ျဟာ ၁၉၉၉ ကနေ အခုချိန်အထိ ကလပ်အသင်းကြီး ၈ ခုမှာ ကစားခဲ့ပြီး ဂိုးပေါင်း ၃၀၀ ကျော်သွင်းထားသူ ဖြစ်ပါတယ်။

မန်ယူကိုမပြောင်းခင် ပဲရစ်စိန့်ဂျာမိန်းကလပ်မှာ ၄ နှစ်ကစားခဲ့ပြီး ပွဲပေါင်း ၁၂၂ ပွဲမှာ ၁၁၃ ဂိုး သွင်းခဲ့ပါတယ်။

ဆွီဒင်လက်ရွေးစင်အဖြစ် ၁၅ နှစ်တာကာလအတွင်း ပွဲပေါင်း ၁၀၀ ကျော် ကစားခဲ့ပြီး ဂိုးပေါင်း ၆၀ ကျော် သွင်းပေးထားနိုင်ခဲ့ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/177157

No comments:

Post a Comment