မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 23, 2016

ချန်ပီယံလိဂ်ပွဲစဉ် ဒေါ့မွန် ၈ – ၄ လီဂီယာဝါဆော၊ စပို့တင်းစီပီ ၁ – ၂ ရီးရဲလ်မက်ဒရစ် (ရုပ်သံဟိုက်လိုက်)




ချန်ပီယံလိဂ် အုပ်စု အက်ဖ် ပွဲစဉ် ၅ ကို နိုဝင်ဘာ ၂၂ ရက်က ယှဉ်ပြိုင်ရာ ဂျာမန် ကလပ် ဒေါ့မွန်က ပိုလန် ကလပ် လီဂီယာ ၀ါဆောကို ၈ ဂိုး ၄ ဂိုး၊ စပိန် ထိပ်သီး ရီးရဲလ် မက်ဒရစ်က ပေါ်တူဂီ ကလပ် စပို့တင်း စီပီကို ၂ ဂိုး ၁ ဂိုးနဲ့ အသီးသီး အနိုင် ရပြီး နောက် တဆင့်ကို တက်သွား ပါတယ်။



ဒေါ့မွန်နဲ့ လီဂီယာဝါဆောတို့ပွဲစဉ်မှာ သွင်းဂိုး ၁၂ ဂိုးအထိ ရှိတဲ့အတွက် ချန်ပီယံလိဂ် သမိုင်းတလျှောက် နှစ်သင်းပေါင်းသွင်းဂိုးအများဆုံးစံချိန်တရပ် တင်နိုင်ခဲ့ပါတယ်။

ဒေါ့မွန်အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၇ မိနစ်နဲ့ ၁၈ မိနစ်မှာ ကာဂါဝါ၊ မိနစ် ၂၀ မှာ ဆာဟင်၊ ၂၉ မိနစ်မှာ ဒမ်ဘီလီ၊ ၃၂ မိနစ်နဲ့ ၅၂ မိနစ်မှာ မာကိုရူးစ်၊ ၈၁ မိနစ်မှာ ပတ်စ်လက်ခ်တို့က အသီးသီးသွင်းယူပေးခဲ့ပြီး ပွဲကစားချိန်ပြီးလို့ နာကျင်အချိန်ပိုမှာ လီဂီယာဝါဆော ကစားသမားတဦး ကိုယ့်ဂိုးကိုယ်သွင်းခဲ့ရာက ၁ ဂိုး ထပ်ရခဲ့ပါတယ်။

လီဂီယာဝါဆောအတွက် ဂိုးတွေကိုတော့ ၁၀ မိနစ်နဲ့ ၂၄ မိနစ်မှာ Prijovic၊ ၅၇ မိနစ်မှာ Kucharczyk နဲ့ ၈၃ မိနစ်မှာ Nikolic တို့က သွင်းယူပေးခဲ့ပါတယ်။



အုပ်စု အက်ဖ် တခြားပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်က စပို့တင်းစီပီကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ရီးရဲလ်အတွက် အနိုင်ဂိုးတွေကို ၂၉ မိနစ်မှာ ဗာရန်းနဲ့ ၈၇ မိနစ်မှာ ဘန်ဇီမာတို့က သွင်းယူပေးခဲ့ပြီး စပို့တင်းစီပီအတွက် ချေပဂိုးတဂိုးကိုတော့ မိနစ် ၈၀ မှာ ဆေးလ်ဗားက ပယ်နယ်တီမှဆင့် သွင်းယူပေးခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာ စပို့တင်းစီပီ ကစားသမားတဦး တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

ဒီအုပ်စုက ပွဲစဉ် ၅ အပြီးမှာတော့ ဒေါ့မွန်က ရမှတ် ၁၃ မှတ်နဲ့ အုပ်စုပထမ၊ ရီးရဲလ်မက်ဒရစ်က ၁၁ မှတ်နဲ့ ဒုတိယ၊ စပို့တင်းစီပီက ၃ မှတ်နဲ့ တတိယ၊ လီဂီယာဝါဆောက ၁ မှတ်နဲ့ အုပ်စုအောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။

ဒေါ့မွန်နဲ့ ရီးရဲလ်မက်ဒရစ်တို့ကတော့ ချန်ပီယံလိဂ် နောက်တဆင့်ကို တက်ရောက်သွားပြီး အုပ်စုပထမနဲ့ ဒုတိယနေရာအတွက် အဆုံးအဖြတ်ပွဲ ကစားဖို့ပဲ ကျန်ပါတော့တယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/177131

No comments:

Post a Comment