
ဆူဇူကီး ဖလား အုပ်စု (ခ) ဒုတိယနေ့ ပွဲစဉ် အဖြစ် နိုဝင်ဘာ ၂၃ ရက်နေ့ ညနေ ၆ နာရီက အိမ်ရှင် မြန်မာ အသင်း နဲ့ ကမ္ဘောဒီးယား အသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏ အားကစား ကွင်းမှာ ယှဉ်ပြိုင် ကစား ခဲ့ရာ မြန်မာ အသင်းက ကမ္ဘောဒီးယား အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိခဲ့ ပါတယ်။
ဒီပွဲမှာ အဖွင့်ဂိုး ကိုတော့ ကမ္ဘောဒီးယား အသင်းက စတင် ရရှိခဲ့ပြီး မြန်မာ နောက်တန်း နဲ့ ဂိုးသမား နားလည်မှု လွဲချော်ရာ ကတဆင့် သွင်းယူနိုင် ခဲ့တာပါ။
ဂိုးပေး လိုက်ရပြီး နောက်ပိုင်းမှာတော့ မြန်မာ အသင်းဟာ ချေပဂိုး ရရှိဖို့ ပိုမို အားထုတ် ကစား လာခဲ့ပြီး ကောင်းဆက်နိုင်၊ ကျော်ဇင်လွင်တို့ရဲ့ ညာခြမ်းမှ အဓိက တိုက်စစ်ဆင် ခဲ့တာပါ။
မြန်မာအသင်း အတွက် ချေပဂိုး နဲ့ ပထမ ဦးဆောင်ဂိုးကို နောက်ခံလူ ဇော်မင်းထွန်းက ပွဲကစားချိန် ၃၅ မိနစ်နဲ့ မိနစ် ၄၀ မှာ ခေါင်းတိုက် သွင်းယူပေး ခဲ့ပါတယ်။
မြန်မာအသင်း အတွက် နောက်ဆုံး အနိုင်ဂိုးကို ပွဲချိန် ၅၆ မိနစ်မှာ အောင်သူက သွင်းယူပေး ခဲ့တာ ဖြစ်ပါတယ်။
အုပ်စု (ခ) နောက်ဆုံး ပွဲစဉ်တွေ အဖြစ် နိုဝင်ဘာ ၂၆ ရက်နေ့မှာ ဗီယက်နမ် အသင်းက ကမ္ဘောဒီးယား အသင်း၊ မြန်မာ အသင်းက မလေးရှား အသင်းတို့ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/177270

No comments:
Post a Comment