
တောင် ကိုရီးယား နိုင်ငံ ဆူဝန်မြို့မှာ မနေ့က ကျင်းပတဲ့ ယူ ၂၀ ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လု ပွဲမှာ အင်္ဂလန် အသင်းက ဗင်နီဇွဲလား အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင် ရပြီး ဗိုလ်စွဲ သွားပါတယ်။
ပထမပိုင်းပွဲချိန် ၃၅ မိနစ်မှာ အယ်ဗာတန် တိုက်စစ်မှူး ဒေါမနစ် ကလ်ဗတ်လီဝင် အနီးကပ် ကန်သွင်းယူတဲ့ တလုံးတည်းသောဂိုးနဲ့ အင်္ဂလန်အသင်း အနိုင်ရ ခဲ့တာဖြစ်ပြီး ဗင်နီဇွဲလား အသင်းကတော့ ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးဝင်အောင်မသွင်းနိုင်ခဲ့လို့ ရှုံးနိမ့်သွားခဲ့တာပါ။
တောင်ကိုရီးယားနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဒီပြိုင်ပွဲမှာ အင်္ဂလန်အသင်းဟာ အာဂျင်တီးနား၊ တောင်ကိုရီးယား၊ ဂီနီတို့နဲ့ တအုပ်စုတည်းကျခဲ့ပြီး အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့် တက်လာခဲ့တာပါ။
ကွာတားဖိုင်နယ်မှာတော့ မက္ကစီကို အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ဆီမီးဖိုင်နယ်မှာ အီတလီကို ၃ ဂိုး၁ ဂိုးနဲ့ အနိုင်ရပြီး အင်္ဂလန်အသင်း ဗိုလ်လုပွဲရောက် လာခဲ့တာပါ။
ဒါဟာ အင်္ဂလန်အသင်းအနေနဲ့ ၁၉၆၆ ခုနှစ်ကတည်းက နိုင်ငံတကာပြိုင်ပွဲတွေမှာ ချန်ပီယံဆုနဲ့ ဝေးနေရာကနေ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့တာပါ။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/212009

No comments:
Post a Comment