
တရုတ် စူပါလိဂ် ကလပ် ဂျန်ဆုဆန်နင်က အီတလီ နည်းပြဟောင်း ကာပယ်လို ကို နည်းပြသစ် အဖြစ် ခန့်အပ် လိုက်ပါတယ်။
ဒီလ အစောပိုင်းမှာ နုတ်ထွက် သွားတဲ့ ကိုရီးယား နည်းပြဟောင်း aနရာမှာ နည်းပြသစ် အဖြစ် ကာပယ်လိုကို ခန့်ထား လိုက်တာပါ။
ဂျန်ဆုဆန်နင် အသင်းဟာ ပြီးခဲ့တဲ့ အာရှ ချန်ပီယံလိဂ် ပြိုင်ပွဲ ရှုံးထွက် အဆင့်မှာ ရှုံးပြီး ထွက်ခဲ့ ရပါတယ်။
နည်းပြ ကာပယ်လိုဟာ ၁၉၉၄ မှာ အီတလီ ကလပ် အေစီမီလန်နဲ့ ချန်ပီယံလိဂ် ဆုဖလား ရယူ ခဲ့ပြီး ၂၀၁၀ မှာ အင်္ဂလန် အသင်းကို ကိုင်တွယ် ခဲ့ပါတယ်။
ဂျန်ဆုဆန်နင်အသင်းဟာ ပြီးခဲ့တဲ့ တရုတ်စူပါလိဂ်ရာသီမှာ အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
နည်းပြ ကာပယ်လိုကို ခန့်ထားမှုဟာ တရုတ်စူပါလိဂ်သမိုင်းမှာ ဘရာဇီးနည်းပြ စကိုလာရီ ပြီးရင် ဒုတိယမြောက်အဖြစ် နာမည်ကြီးနည်းပြကို ခန့်ထားမှုလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/212033

No comments:
Post a Comment