
မိမိ အနာဂတ်ကို ချဲလ်ဆီး အသင်းက ဆုံးဖြတ် သွားလိမ့် မယ်လို့ တိုက်စစ်မှူး ဒီယေဂို ကော်စတာက ပြောကြား လိုက်ပါတယ်။
ချဲလ်ဆီး အသင်း နည်းပြ ကွန်တီ အနေနဲ့ ကော်စတာကို ချဲလ်ဆီး အသင်းရဲ့ အနာဂတ် အစီအစဉ်မှာ မပါဝင် တော့တဲ့ အကြောင်း မက်ဆေ့ခ်ျ ပို့ခဲ့တဲ့ အတွက် အသင်းသစ် ရှာမယ်လို့ ကော်စတာက ပြီးခဲ့တဲ့ အပတ်မှာ ပြောကြား ခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိ အချိန် မှာတော့ အသင်းနဲ့ စာချုပ် သက်တမ်း ရှိနေတဲ့ အတွက် ချဲလ်ဆီး အသင်းကပဲ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ် သွားမှာ ဖြစ်တယ်လို့ ကော်စတာက ပြောပါတယ်။
အသက် ၂၈ နှစ်ရှိ စပိန် တိုက်စစ်မှူး ကော်စတာဟာ မက်ဆီဒိုး နီးယားနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပွဲထွက်ခွင့် ရခဲ့ပြီး အနိုင်ဂိုး တဂိုးလည်း သွင်းယူ ခဲ့ပါတယ်။
ကော်စတာကို ခေါ်ယူဖို့ အတွက် တရုတ် စူပါလိဂ် ကလပ်တွေက ကမ်လှမ်း ထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/212139





No comments:
Post a Comment