Sunday, November 20, 2016
ဗီယက်နမ်နှင့်ပွဲ ရလဒ်ကောင်းရရန် ပြင်ထင်ထားကြောင်း မြန်မာနည်းပြပြော
ဗီယက်နမ်နဲ့ ပွဲဟာ ခက်ခဲတဲ့ ပွဲစဉ်ဖြစ် ပေမယ့် ရလဒ်ကောင်း ရဖို့ ပြင်ဆင် ထားတယ်လို့ မြန်မာ နည့်းပြ ဂတ်ဇီဆီက ပြောပါတယ်။
အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲ အုပ်စု (ခ) အသင်းတွေရဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို နိုဝင်ဘာ ၁၉ ရက်က နိုဗိုတယ် ဟိုတယ်မှာ ကျင်းပ ခဲ့ပြီး မြန်မာ နည်းပြ ဂတ်ဇီဆီက အခုလို ပြောဆို ခဲ့တာပါ။
မြန်မာ အသင်းမှာ လူငယ် ကစားသမားတွေ များတဲ့ အပြင် အိမ်ရှင် အသင်းဖြစ်လို့ ပွဲတိုင်းမှာ ဖိအား ရှိတယ်လို့လည်း မြန်မာ နည်းပြက ပြောပါတယ်။
ဒါပေမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် တွေနဲ့ ဥရောပ ခြေစမ်းပွဲ တွေမှာ လူငယ်တွေကို ပွဲထွက် ကစားစေ ခဲ့တာကြောင့် ဗီယက်နမ် အသင်းကို အကောင်းဆုံး ရင်ဆိုင်နိုင် မယ်လို့ မြန်မာ နည်းပြက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာပရိသတ်တွေ အနေနဲ့ မြန်မာအသင်းကို စိတ်ရှည်ရှည် ထားပြီး အားပေး ကြဖို့လည်း နည်းပြ ဂတ်ဇီဆီက ပြောပါတယ်။
ဗီယက်နမ်နည်းပြ ငုရင်ဟူသန်ကတော့ မြန်မာအသင်းမှာ ယူ ၂၀ ကမ္ဘာ့ဖလား ပြိုင် ကစားထားတဲ့ ကစာသးမာတွေ ရှိတဲ့ အပြင် ဥရောပ ထွက်ပြီးလည်း လေ့ကျင့် ထားတာကြောင့် ခက်ခက်ခဲခဲ ကစားရမှာဖြစ်ပြီး ဘယ်အသင်းကမှ အနိုင်ရဖို့ လွယ်ကူမှာ မဟုတ်ဘူးလို့ပြောပါတယ်။
အုပ်စု(ခ)မှာ အသင်းတိုင်းက နောက်တဆင့်တက်ဖို့ အခွင့်အရေး ဆတူရှိပြီး ဘယ်အသင်းနဲ့ ပွဲကမှ လွယ်ကူမှာ မဟုတ် ဘူးလို့လည်း ဗီယက်နမ် နည်းပြ ငုရင်ဟူသန်က ပြောပါတယ်။
အာဆီယံဆူဇူကီးဖလား အုပ်စု(ခ)ပွဲစဉ်တွေကို နိုဝင်ဘာ၂၀ ရက်မှာစတင်မှာဖြစ်ပြီး ညနေ ၃ နာရီမှာ မလေးရှားနဲ့ ကမ္ဘောဒီးယား၊ ညနေ ၆ နာ ရီမှာ မြန်မာနဲ့ဗီ ယက်နမ် အသင်းတို့ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ Sport MM v Vietnam
သတင်း၊ဓာတ်ပုံ- လွှမ်းမိုးအောင်
From : ဒီဗွီဘီ by လွှမ်းမိုးအောင်
Originally published at - http://burmese.dvb.no/archives/176751
Subscribe to:
Post Comments (Atom)
No comments:
Post a Comment