မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 20, 2016

ဆူဇူကီးပြိုင်ပွဲ အဖွင့်ပွဲတွင် အိမ်ရှင်မြန်မာ ဗီယက်နမ်ကို ရှုံးနိမ့်


မြန်မာ တိုက်စစ်မှူး အောင်သူ ဗီယက်နမ် နောက်တန်းကို ဖြတ်ကျော်ရန် ကြိုးစားနေစဉ် (ဓာတ်ပုံ − စိုင်းဇော်)


အာဆီယံ ဆူဇူကီး ဖလား ဘောလုံး ပြိုင်ပွဲ အုပ်စု (ခ) အဖွင့်ပွဲတွင် အိမ်ရှင်မြန်မာ အသင်းက ဗီယက်နမ် အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့် ခဲ့မှုကြောင့် အကြို ဗိုလ်လုပွဲ တက်ရောက်ခွင့် မျှော်လင့်ချက် အတွက် လက်ကျန် ပွဲစဉ်များ၌ ရုန်းကန် ရတော့မည် ဖြစ်သည်။

နိုဝင်ဘာ ၂ဝ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့ သည့် ယင်းပွဲတွင် မြန်မာအသင်း သည် အုပ်စုတွင်း ရေပန်းအစား ဆုံး ဗီယက်နမ် အသင်းကို အနိုင် မယူနိုင် ခဲ့၍ ဆူဇူကီး ပြိုင်ပွဲတစ် လျှောက် ဗီယက်နမ် အသင်းနှင့် တွေ့ဆုံသည့် အကြိမ်တိုင်း၌ နိုင် ပွဲ မရသေးသည့် စံချိန်ကို ဆက် လက် ထိန်းသိမ်း ခဲ့သည်။

မြန်မာ အသင်းသည် ဆူဇူကီး ပြိုင်ပွဲတစ် လျှောက် ဗီယက်နမ် အသင်းနှင့် (ယခုပွဲ အပါအ၀င်) ငါးကြိမ်တွေ့ ဆုံထားရာတွင် လေးပွဲရှုံး၊ တစ်ပွဲ သရေကျ ထားပြီး နိုင်ပွဲ မရသေး ပေ။

မြန်မာအသင်းသည် ပထမ ပိုင်းပွဲချိန် အများစုတွင် ဗီယက်နမ် အသင်း၏ ဖိအားပေးမှုကို ခံခဲ့ရ သည်။ ဗီယက်နမ် အသင်း ဦး ဆောင်ဂိုးကို ပွဲချိန် ၂၄ မိနစ်တွင် ငုယင် ဗန်ကူယက်က သွင်းယူ ခဲ့ပြီး ပထမ ပိုင်းကို ဦးဆောင် ခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအ သင်းက ဗီယက်နမ်အသင်းဘက် သို့ ပိုမိုဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၇၃ မိနစ်၌ တိုက်စစ်မှူး အောင်သူက ချေပဂိုးသွင်းယူခဲ့ သည်။

မြန်မာအသင်းက ဂိုးရနိုင် သည့် အခွင့်အရေးအချို့ ရရှိခဲ့ သော်လည်း တိုက်စစ်မှူးများ အ သုံးမချနိုင်ခဲ့သဖြင့် နစ်နာခဲ့ရသည်။ ပွဲချိန် ၈၀ မိနစ်တွင် ဗီယက်နမ်အသင်းက တန်ပြန် တိုက်စစ်မှ တစ်ဆင့် ၀ါရင့်တိုက်စစ်မှူး လီကောင်ဗင်က ဒုတိယ အနိုင်ဂိုး သွင်းယူခဲ့သည်။

ဗီယက်နမ် အသင်းကို ရှုံးနိမ့် ခဲ့ခြင်းမှာ မြန်မာ အသင်းနောက် တန်း အမှား များကြောင့်ဖြစ် ကြောင်း မြန်မာ အသင်းနည်းပြ ချုပ် ဂတ်ဖရိုင်းဒရစ်က ပွဲပြီး သ တင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

မြန်မာအသင်း ခွင့်ပြုခဲ့ရ သည့် ပထမဂိုးမှာ ကွင်းလယ်ပိုင်း အမှားမှ တစ်ဆင့် ပြိုင်ဘက်တိုက် စစ်မှူး ဘောလုံး ရသွားသည်ကို မြန်မာနောက်တန်း ကစားသမား သုံးဦး ဖျက်ထုတ်မှု အားနည်းသောကြောင့် ဂိုးပေး ခဲ့ရပြီး ဒုတိယ ဂိုးမှာလည်း နောက်တန်း အားနည်းချက်ကြောင့် ခွင့်ပြု ခဲ့ရသည်။

‘‘ကျွန်တော်တို့ အသင်းက ကိုယ့်လူကိုယ် သတ်လို့ သေတဲ့ ဖြစ်ရပ်မျိုးနဲ့ တူတယ်။ ခံစစ် အမှား တွေကတစ်ဆင့် ဂိုးတွေ ခွင့်ပြု ခဲ့ရ တယ်။

ပထမပိုင်းမှာ ကစားပုံမ ကောင်းခဲ့ပေမယ့် ဒုတိယ ပိုင်းမှာ ကစားပုံတော်တော်ကောင်းလာခဲ့ ပါတယ်။ ဒီတော့ နောက်ပွဲတွေကို လည်း ဒီနေ့ကစားသွားတဲ့ ဒုတိယပိုင်း အတိုင်း ကစားနိုင်အောင် ပြင်ဆင်မှာပါ’’ဟု ဂတ်ဖရိုင်းဒရစ်ကပြောသည်။

အဖွင့်ပွဲတွင် ရမှတ် ဆုံးရှုံးခဲ့ သည့် မြန်မာအသင်းသည် ဖိအား ၀င်ခဲ့ပြီး အကြို ဗိုလ်လုပွဲ တက် ရောက်ရန် လက်ကျန်နှစ်ပွဲ၌ ရ လဒ်ကောင်းရန် လိုအပ်မည်ဖြစ် သည်။

အုပ်စု(ခ) အခြားပွဲတွင် မလေးရှားအသင်းက ကမ္ဘောဒီး ယားအသင်းကို အကြိတ်အနယ် ယှဉ်ပြိုင် ကစားကာ ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အုပ်စု(ခ) ပထမပွဲစဉ်များအပြီးတွင် နိုင်ပွဲ ရရှိထားသည့် မလေးရှားနှင့် ဗီယက်နမ် အသင်းတို့က ရမှတ် သုံးမှတ်စီဖြင့် ဦးဆောင်ထားပြီး မြန်မာနှင့် ကမ္ဘောဒီးယား အသင်းတို့က ရမှတ် မရရှိသေးပေ။

၂၀၁၆ ဆူဇူကီးပြိုင်ပွဲ အုပ်စု (ခ) ဒုတိယပွဲစဉ်များကို နိုဝင်ဘာ ၂၃ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ပြီး ညနေ ၃ နာရီ၌ ဗီယက်နမ်နှင့် မလေးရှား၊ ညနေ ၆ နာရီတွင် မြန်မာနှင့် ကမ္ဘောဒီး ယားအသင်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

From : 7 day daily - By : ချစ်ဝိုင်း

Originally published at - http://www.7daydaily.com/story/81406

No comments:

Post a Comment