Wednesday, January 25, 2017
အိုးထရက်ဖို့ဒ်ကို ပရိသတ် ၈၈၀၀၀ ဆံ့ ကွင်းကြီး အဖြစ် မန်ယူက တိုးချဲ့မည်
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့ရဲ့ အိမ်ကွင်း ဖြစ်တဲ့ အိုးထရက်ဖို့ဒ် ကွင်းကြီးကို ပရိသတ် ၈၈၀၀၀ ဆံ့ ကွင်းကြီး အဖြစ် တိုးချဲ့ပြီး ဥရောပရဲ့ ဒုတိယ အကြီး ဆုံး ကလပ် အသင်းပိုင်ကွင်း အဖြစ် စတင် ရေးဆွဲနေပြီလို့ ဒေးလီးမေးလ်မှာ ဖော်ပြ ပါတယ်။
လက်ရှိ ပရိသတ် ၇၆၀၀၀ ဆံ့တဲ့ ကွင်းကို ခုံ ၁ သောင်း ၂ ထောင် ထပ်တိုးပြီး ဥရောပရဲ့ ဒုတိယ အကြီးဆုံး ကွင်းအဖြစ် မြှင့်တင်ဖို့ ပြင်ဆင်နေ တာပါ။
ဥရောပမှာ ပရိသတ်အများဆုံးဝင်ဆံ့တဲ့ ကွင်းကတော့ ဘာစီလိုနာအသင်းပိုင်တဲ့ နူးကမ့်ကွင်းဖြစ်ပြီး ပရိသတ် ၉၉၃၅၄ ဦး ၀င်ဆံ့ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ပရိသတ် ၈၈၀၀၀ ၀င်ဆံ့တဲ့ ကွင်းအဖြစ် တည်ဆောက်ပြီးရင် ရီးရဲမက်ဒရစ် အသင်းရဲ့ ပရိသတ် ၈၅၄၅၄ ဦး ၀င်ဆံ့တဲ့ အရေ အတွက်ကို ကျော်သွားမှာ ဖြစ်ပါတယ်။
ဥရောပရဲ့ နောက်ထပ်ဒုတိယအကြီးဆုံးကွင်းတကွင်းကတော့ အင်္ဂလန်နိုင်ငံက ၀င်ဘလေကွင်းဖြစ်ပြီး ပရိသတ် ၉ သောင်း ၀င်ဆံ့ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/186012
Labels:
ဘောလုံးအသင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment