
လီဗာပူး အသင်းက တိုက်စစ်မှူး ကော်တင်ဟိုကို ၅ နှစ် စာချုပ်နဲ့ သက်တမ်း ထပ်တိုး လိုက်ပါတယ်။
လုပ်ခလစာ တပတ်ကို ပေါင် ၁ သိန်းခွဲ ပေးပြီး စာချုပ် လိုက်တာ ဖြစ်တဲ့ အတွက် လီဗာပူး အသင်းရဲ့သမိုင်းမှာ အများဆုံး ပေးရတဲ့ လစာလည်း ဖြစ်ပါတယ်။
အသက် ၂၄ နှစ် အရွယ် ဘရာဇီး တိုက်စစ်မှူးဟာ ၂၀၁၃ ခုနှစ်မှာ အင်တာမီလန် အသင်းကနေ ပေါင် ၈ သန်းခွဲနဲ့ လီဗာပူးကို ရောက်ရှိ လာတာပါ။
ကော်တင်ဟိုဟာ လီဗာပူး အတွက် ကစားပေး ထားတဲ့ ၁၆၃ ပွဲမှာ ၃၄ ဂိုး သွင်းယူ ထားပါတယ်။ သူ့ကို စပိန်ကလပ် ဘာစီလိုနာက ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ခဲ့ပါတယ်။
ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ခြေကျင်းဝတ် ဒဏ်ရာကနေ ပြန်လာပြီး အသင်း အတွက် ကစားပေးနိုင် ခဲ့တာပါ။
သူဟာ ဒီနှစ်ရာသီမှာ လီဗာပူးအတွက် ၁၄ ပွဲ ကစားပေးထားပြီး ၆ ဂိုး သွင်းယူ ထားပါတယ်။
ဓာတ်ပုံ - လီဗာပူးအက်ဖ်စီ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/186019

No comments:
Post a Comment