
မနေ့ ညက ယှဉ်ပြိုင် သွားတဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပထမ အကျော့ ပွဲစဉ်မှာ ဂျူဗင်တပ် အသင်းက တိုက်စစ်မှူး ဒီဘားလားရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ဘာစီလိုနာကို ၃ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။
နှစ်သင်း စလုံး ဒီပွဲမှာ လူစုံထုတ် ယှဉ်ပြိုင် သွားပါတယ်။
ဒီနှစ်သင်း ၂၀၁၅ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဆုံဖူးထားပြီး ဘာစီလိုနာက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။
ဒီပွဲမှာ ဦးဆောင်ဂိုးကို ပွဲအစ ၇ မိနစ်မှာပဲ ဂျူဗီတိုက်စစ်မှူး ဒီဘားလားက သွင်းယူပါတယ်။
ဘာစီလိုနာက ပုံမှန်ကစားနေကျအတိုင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ရခဲ့ပါတယ်။
ဂျူဗီအတွက် ဒုတိယဂိုးကို ၂၂ မိနစ်လောက်မှာ ဘာကာနောက်တန်းရဲ့ လူကပ်မထားတဲ့ အမှားကနေ တိုက်စစ်မှူး ဒီဘားလားကပဲ လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းယူပါတယ်။
ဂျူဗီအတွက် အပိတ်ဂိုးကိုတော့ ထောင့်ကန်ဘောကနေတဆင့် နောက်ခံလူ ချီလီနီက ခေါင်းတိုက်သွင်းယူပါတယ်။
ဘာစီလိုနာအသင်း အခွင့်အရေးတွေရပေမယ့် အသုံးမချနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာ ၃ ဂိုးနဲ့အထက် သွင်းယူနိုင်မှ ဆီးမီးဖိုင်နယ်ကိုတက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/200789

No comments:
Post a Comment