
အာဂျင်တီးနားအသင်းက လက်ရွေးစင်နည်းပြ အက်ဂါဒိုဘာဇာကို ဧပြီ ၁၀ ရက်ေန့မှာ ထုတ်ပယ်လိုက်ပါတယ်။
အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရေးအတွက် တောင်အမေရိကဇုန် ခြေစစ်ပွဲတွေမှာ ရုန်းကန်နေရပါတယ်။
အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်နဲ့ နည်းပြတို့ ညှိနှိုင်းအပြီးမှာ လမ်းခွဲလိုက်တာပါ။
လောလောဆယ် ခြေစစ်ပွဲ လက်ကျန်ပွဲ ၅ ပွဲ ကစားဖို့ ကျန်နေတဲ့အချိန်မှာ အာဂျင်တီးနားအသင်းက အမှတ်ပေးဇယားရဲ့ အဆင့် ၅ မှာ ရှိနေတဲ့အတွက် ခြေစစ်ပွဲအောင်ဖို့ မသေချာတဲ့ အနေအထား ဖြစ်နေပါတယ်။
ဒါ့အပြင် အားထားရတဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ ၄ ပွဲပယ်ပြစ်ဒဏ် ကျခံနေရပါတယ်။
တောင်အမေရိကဇုန်မှာ အဆင့် ၁ ကနေ ၄ အထိရတဲ့ အသင်းတွေဟာ ရုရှားက အိမ်ရှင်လုပ်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်မှာပါ။
တကယ်လို့ အာဂျင်တီးနားအသင်း အဆင့် ၅ နေရာပဲ ရခဲ့ရင် သမုဒ္ဒရာပိုင်းဇုန်ကအသင်းနဲ့ ထပ်မံယှဉ်ပြိုင်ရပြီး အနိုင်ရမှ ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
မီဒီယာတွေမှာတော့ လစ်လပ်နေတဲ့ အာဂျင်တီးနားအသင်းနည်းပြ နေရာမှာ ဆီဗီလာအသင်း နည်းပြ ဂျောဂျီ ဆင်ပါလီက ရေပန်းစားနေပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/200694

No comments:
Post a Comment