
လာမယ့် ၂၀၂၆ ကမ္ဘာ့ ဖလား ပြိုင်ပွဲကို အိမ်ရှင် အဖြစ် ၃ နိုင်ငံ ပူးတွဲ လက်ခံ ကျင်းပနိုင်ရေး အတွက် အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေက ကြိုးစား သွားမယ်လို့ ကြေညာ လိုက်ပါတယ်။
၂၀၂၆ ပြိုင်ပွဲဟာ ပြိုင်ပွဲဝင် ၃၂ သင်းကနေ ၄၈ သင်း အထိ တိုးချဲ့ အပြီးမှာ ပထမဆုံး ပြိုင်တဲ့ ကမ္ဘာ့ဖလား ဖြစ်လာဖို့ ရှိနေပါတယ်။
ဒါ့အပြင် အိမ်ရှင်အဖြစ် ၃ နိုင်ငံ ပူးတွဲကျင်းပခွင့်ရဖို့ တောင်းဆို တာဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။
ပူးတွဲအဆိုပြုချက်အရ အမေရိကန်က အိမ်ရှင်အဖြစ် ပွဲပေါင်း ၆၀၊ မက္ကဆီကိုနဲ့ ကနေဒါတို့က ၁၀ ပွဲစီ အသီးသီးလက်ခံကျင်းပမှာ ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားအတွက် အိမ်ရှင်အဖြစ် ရွေးချယ်မယ့် ဆုံးဖြတ်ချက်ကို ၂၀၂၀ ကမ္ဘာ့ဖလားမတိုင်ခင် ပြုလုပ်သွားမှာပါ။
အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၉၄ မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရထားပါတယ်။
လောလောဆယ်မှာ ၂၀၁၈ ကမ္ဘာ့ဖလားကို ရုရှား၊ ၂၀၂၂ ကမ္ဘာ့ဖလားကို ကာတာနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/200622

No comments:
Post a Comment