မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, April 11, 2017

အက်သလက်တီကို မက်ဒရစ်က တိုက်စစ်မှူး ဂရစ်ဇ်မန်းကို စာချုပ် သက်တမ်း တိုးရန် ပြင်ဆင်




စပိန်ကလပ် အက်သလက် တီကို မက်ဒရစ် အသင်းက တိုက်စစ်မှူး ဂရစ်ဇ်မန်းကို စာချုပ် သက်တမ်း တိုးဖို့ ပြင်ဆင် နေပါတယ်။

မက်ဒရစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းကို မန်ယူ အသင်းက ခေါ်ယူဖို့ ပစ်မှတ် ထားနေတာပါ။

ပြင်သစ် တိုက်စစ် မှူးဟာ တီကို အသင်းမှာ ခြေစွမ်းပြ ကစား နေသူလည်း ဖြစ်ပါတယ်။

မန်ယူနည်းပြ မော်ရင်ဟိုက ဂရစ်ဇ်မန်းကို ပေါင် ၈၅ သန်း အထိပေးပြီး ကမ်းလှမ်းဖို့ ပြင်ဆင် ထားတယ်လို့ သတင်းတွေမှာ ခန့်မှန်း ထားပါတယ်။

အက်သလက်တီကိုအသင်းက ဂရစ်ဇ်မန်းကို လစာတိုးပေးပြီး အသင်းမှာ ဆက်ထိန်းနိုင်ဖို့ ရည်ရွယ်နေတာပါ။

တိုက်စစ်မှူးရဲ့ လောလောဆယ် တပတ်လုပ်ခလစာဟာ ပေါင် ၁ သိန်း ၂ သောင်း ဖြစ်ပြီး တီကိုအသင်းက ပေါင် ၁ သိန်း ၈ သောင်းအထိ တိုးပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးရဲ့ တီကိုအသင်းနဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ၂၀၂၁ ခုနှစ် ကုန်ဆုံးမှာဖြစ်ပါတယ်။

ဓါတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/200591

No comments:

Post a Comment