
မနေ့ ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ နာမည်ကြီး အာဆင်နယ် အသင်းဟာ အဝေး ကွင်းမှာ မထင်မှတ်ဘဲ ခရစ္စတယ် ပဲလေ့စ်ကို ၃ ဂိုးပြတ်နဲ့ ရှုံးသွား ပါတယ်။
ခရစ္စတယ် ပဲလေ့စ်ဟာ ပြီးခဲ့တဲ့ တပတ်ကျော် ကလည်း နာမည်ကြီး ချဲလ်ဆီးကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ထားပါတယ်။
ဒီပွဲမှာ ပဲလေ့စ် အတွက် ဦးဆောင်ဂိုးကို ၁၇ မိနစ်မှာ တောင်ဆန်က သွင်းယူ ပါတယ်။
အာဆင်နယ်အတွက်တော့ ဒီနှစ်ရာသီထဲ အဝေးကွင်းမှာ ၄ ပွဲမြောက် ရှုံးပွဲတွေ့တာ ဖြစ်ပါတယ်။
ပဲလေ့စ်အတွက် ဒုတိယဂိုးကို ၆၃ မိနစ်မှာ ကာဘာယီက အဝေးကစ်ကနေ သွင်းယူပါတယ်။
ဒီပွဲမှာ အာဆင်နယ်အသင်း နောက်တန်းကစားပုံ မကောင်းဘဲ တဘက်တိုက်စစ်ကို ထိထိရောက်ရောက် မဖျက်ထုတ်နိုင်ခဲ့ပါဘူး။
ဒီပွဲရှုံးတဲ့အတွက် နည်းပြ အာစင်ဝင်းဂါးအတွက်လည်း ဖိအားတွေ ပိုများခဲ့ပါတယ်။
ဒါ့အပြင် ရာသီကုန်မှာ အဆင့် ၄ အတွင်းဝင်ရေး မျှော်လင့်ချက်တွေလည်း ထိခိုက်ခဲ့ရပါတယ်။
ပဲလေ့စ်အတွက် တတိယဂိုးကိုတော့ အာဆင်နယ်ဂိုးသမားရဲ့ ဖျက်ထုတ်မှုကြောင့် ပင်နယ်တီရခဲ့ပြီး အဲဒီပင်နယ်တီကို မီလီဗိုဂျီဗစ်က သွင်းယူခဲ့တာပါ။
ဒီပွဲရှုံးတဲ့ အာဆင်နယ်က ၅၄ မှတ်နဲ့ အဆင့် ၆ မှာ ရှိနေပြီး ခရစ္စတယ်ပဲလေ့စ်ကတော့ ၃၄ မှတ်နဲ့ အဆင့် ၁၆ ကို တက်လှမ်းသွားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/200591

No comments:
Post a Comment