မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, April 10, 2017

အာရှဖလား ခြေစစ်ပွဲအောင်ရေး အဆုံးအဖြတ်ပွဲ အဖြစ် မြန်မာ အမျိုးသမီး အသင်း ဗီယက်နမ်နှင့် ယှဉ်ပြိုင်ရမည်




အာရှဖလား ခြေစစ်ပွဲ ဝင်ရောက် ယှဉ်ပြိုင် နေတဲ့ မြန်မာ အမျိုးသမီး အသင်းဟာ ခြေစစ်ပွဲ အောင်ရေး အဆုံးအဖြတ် ပွဲစဉ်အဖြစ် ဗီယက်နမ် အသင်းနဲ့ လာမယ့် ဧပြီ ၁၁ ရက်မှာ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။

မြန်မာ အမျိုးသမီး အသင်းဟာ အုပ်စု အဖွင့်ပွဲမှာ အီရန်ကို ၂ ဂိုး ဂိုးမရှိ၊ ဒုတိယပွဲမှာ ဆီးရီးယားကို ၁၄ ဂိုး ဂိုးမရှိ၊ တတိယပွဲမှာ စင်ကာပူ အသင်းကို ၆ ဂိုး ဂိုးမရှိ ရလဒ်တွေနဲ့ အနိုင်ရရှိ ထားပါတယ်။

အုပ်စုပွဲစဉ် ၃ ပွဲ ကစား အပြီး မြန်မာ အမျိုးသမီး အသင်းက ၃ ပွဲ ကစား ၃ ပွဲနိုင်၊ ရမှတ် ၉ မှတ်၊ ဗီယက်နမ်အသင်းကလည်း ၃ ပွဲကစား ၃ ပွဲနိုင်၊ ရမှတ် ၉ မှတ်နဲ့ အုပ်စု ဒီမှာ အပြိုင်ဖြစ် နေတာပါ။

ဒါပေမယ့် ဂိုးကွာခြား ချက်မှာ ဗီယက်နမ် အသင်းက ၂ ဂိုး အသာ ရထားတာကြောင့် အုပ်စု ပထမနေရာမှာ ရပ်တည်နေပါတယ်။

အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ အိမ်ရှင် ဗီယက်နမ်အသင်းက မြန်မာ အသင်းကို သရေကစားနိုင်ရင်ပဲ ခြေစစ်ပွဲအောင်မှာဖြစ်ပေမယ့် မြန်မာအသင်းကတော့ အနိုင်ရမှ ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။

၂၀၁၈ အမျိုးသမီး အာရှ ဖလားပြိုင်ပွဲကို ဂျော်ဒန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမှာပါ။

ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဂျပန်၊ ဒုတိယရခဲ့တဲ့ သြစတြေးလျနဲ့ တတိယရခဲ့တဲ့ တရုတ်အသင်းတို့က ခြေစစ်ပွဲ ကစားစရာမလိုဘဲ တိုက်ရိုက် ကစားခွင့် ရထားပါတယ်။

ဒီအသင်း သုံးသင်းနဲ့အတူ အိမ်ရှင် ဂျော်ဒန်နဲ့ ခြေစစ်ပွဲအုပ်စု ၄ ခုက အုပ်စုပထမအသင်း ၄ သင်း စုစုပေါင်း ၈ သင်းက နောက်ဆုံးအဆင့်ပြိုင်ပွဲ ကစားရမှာပါ။

နောက်ဆုံးအဆင့်မှာ ထိပ်ဆုံး ၅ သင်း စာရင်းဝင်တဲ့ အသင်းတွေကတော့ ၂၀၁၉ အမျိုးသမီးကမ္ဘာ့လား ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/200454

No comments:

Post a Comment