မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, January 26, 2017

ဆယ်လ်တာဗီဂိုနှင့် ၂ ဂိုးစီသရေကျပြီး ရီးရဲလ် စပိန် ဘုရင့်ဖလားမှ ထွက် (ရုပ်သံဟိုက်လိုက်)




စပိန် ဘုရင့်ဖလား ကွာတား ဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် ဆယ်လ်တာဗီဂိုနဲ့ ရီးရဲလ် မက်ဒရစ်တို့ ဇန်နဝါရီ ၂၅ ရက်ညက ယှဉ်ပြိုင်ရာ တဘက် ၂ ဂိုးစီ သရေကျ သွားပါတယ်။

ပထမ အကျော့ ရီးရဲလ် ကွင်းမှာ ကစားခဲ့ တုန်းက ဆယ်လ်တာဗီဂိုက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားတဲ့ အတွက် နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုး ၃ ဂိုးနဲ့ ဆယ်လ်တာဗီဂို စပိန် ဘုရင့်ဖလား ဆီမီးဖိုင်နယ် တက်ရောက် သွားပါတယ်။

ဒဏ်ရာရကစားသမားတွေ များပြားနေတဲ့ ရီးရဲလ်အသင်းဟာ ဒီပွဲမှာ ရော်နယ်ဒို၊ ဘန်ဇီမာ၊ တိုနီခရူးစ်၊ အစ္စကို၊ ရာမို့စ်တို့နဲ့ ပွဲထွက်လာပြီး ဘောလုံးပိုင်ဆိုင်မှုအသာ ဂိုးကန်သွင်းခွင့် အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ပွဲချိန် ၄၄ မိနစ်မှာ ရီးရဲလ်နောက်ခံလူ ဒန်နီလို ကိုယ့်ဂိုးကိုယ်သွင်းမိလို့ ဆယ်လ်တာဗီဂို အဖွင့်ဂိုးရသွားပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင် ထားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာ ရော်နယ်ဒိုက ရီးရဲလ်အတွက် ချေပဂိုးသွင်းပေးခဲ့ပေမယ့် ၈၅ မိနစ်မှာ ၀တ်စ်က ဆယ်လ်တာဗီဂိုအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲပြီးခါနီး မိနစ် ၉၀ မှာ ဗက်ဇ်ကွက်ဇ်က ရီးရဲလ်အတွက် ဒုတိယချေပဂိုး သွင်းယူပေးခဲ့ပြီး တဘက် ၂ ဂိုးစီနဲ့ သရေကျသွားခဲ့လို့ ရီးရဲလ်မက်ဒရစ် စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/186051

No comments:

Post a Comment