ချယ်လ်ဆီးအသင်းဟာ ပြိုင်ဘက်ကစားသမားတွေနဲ့ အမြဲတမ်းပြဿနာတက်နေတဲ့ တိုက်စစ်မှူး Diego Costa ရဲ့ နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးတစ်ယောက်ကို ရှာဖွေနေပြီး
နာပိုလီတိုက်စစ်မှူး Higuain ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူး ပြဿနာ ကြုံတွေ့နေ ရပြီး အရန် တိုက်စစ်မှူးတွေ ဖြစ်တဲ့ Falcao နဲ့ Remy တို့ကလည်း ခြေစွမ်း ပျောက်ဆုံးမှုနဲ့ ဒဏ်ရာ အခက်အခဲတွေပါ ရှိနေ ခဲ့တာပါ။
အဓိကတိုက်စစ်မှူး Diego Costa ကတော့ ယခုရာသီအသင်းမှာ နှစ်ဂိုးသာသွင်းယူထားနိုင်ပြီး ခြေစွမ်းပျောက်ဆုံးနေတာကြောင့် Higuain ကို အရခေါ်ဖို့ ကြိုးစားလာတာပါ။
ဒါပေမယ့် နာပိုလီအသင်းကတော့ Higuain ကို နွေရာသီမှ ပြန်လည်ရောင်းချဖွယ် ရှိနေပြီး ဆောင်းရာသီမှာတော့ ရောင်းချမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့်လည်း ခြင်္သေ့ပြာတွေကတော့ ဈေးကြီးပေးဝယ်သွားဖို့ အဆင်သင့်ရှိနေတယ်လို့လည်း သိရပါတယ်။
Ref : EURO
Original link - http://sports.thithtoolwin.com/2015/11/higuain.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment