Thursday, August 4, 2016
အိမ်ရှင်ဘရာဇီး အမျိုးသမီးဘောလုံး အသင်း နိုင်ပွဲနှင့် အတူ အိုလံပစ် ပွဲတော် စတင်
ရီယို၂၀၁၆ အိုလံပစ် အားကစား ပွဲတော် ပြိုင်ပွဲအ ချို့ကို ဗုဒ္ဓဟူးနေ့က စတင် ကျင်းပ ခဲ့ရာ အမျိုးသမီးဘောလုံး ပွဲစဉ် များ၌ အိမ်ရှင် ဘရာဇီးက တရုတ် အသင်းကို အနိုင်ရပြီး ဆွီဒင်က တောင် အာဖရိက ကို အနိုင်ရ ခဲ့ သည်။
အိုလံပစ်ပွဲတော် အတွက် ပရိသတ်များ ဘရာဇီးနိုင်ငံသို့ ကြိုတင် ရောက်ရှိ နေသော်လည်း ပရိသတ် ၆၀,၀၀၀ ဆံ့ဘောလုံး ကွင်းထဲတွင် အမျိုးသမီးဘောလုံး ပွဲကျင်းပချိန်၌ ထိုင်ခုံလွတ် အများအပြား တွေ့ခဲ့ ရသည်။
သောကြာနေ့တွင် ကျင်းပ မည့် ဖွင့်ပွဲ အခမ်းအနား မတိုင်မှီ နှစ်ရက် အလို၌ ဘောလုံးပွဲများ စတင် ကျင်းပခြင်းဖြစ်ပြီး အားက စား သမားပေါင်း ၁၁,၀၀၀ ကျော် ပါဝင် ယှဉ်ပြိုင်မည် ဖြစ်သည်။
ကမ္ဘာ့အဆင့်သတ်မှတ်ချက် စာရင်းတွင် နံပါတ် (၆) နေရာ၌ ရှိနေသော ဆွီဒင်အမျိုးသမီး အသင်းက တောင်အာဖရိက အသင်းကို ဂိုးသမားအမှားမှတစ်ဆင့် နီလာဖစ်ချာ၏ တစ်လုံးတည်းသော ဂိုးဖြင့် ပထမဆုံးနိုင်ပွဲရခဲ့သည်။
၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင် ပွဲ ကွာတားဖိုင်နယ်၌ ရှုံး၍ ထွက်ခဲ့ရသော ဘရာဇီးအသင်းသည် တရုတ်အသင်းကို မိုနီကာ၊ အဲဗက်စ်နှင့် ခရစ္စတင်းတို့၏ သွင်းဂိုးများဖြင့် သင်သောင့်သက်သာအနိုင်ရခဲ့သည်။
အခြားပွဲစဉ်တစ်ခုတွင် ကနေဒါအမျိုးသမီးဘောလုံးအသင်းက အိုလံပစ်အမျိုးသမီးဘောလုံးရာဇ၀င်၌ အမြန်ဆုံးသွင်းဂိုး အဖြစ် စက္ကန့် ၂၀ တွင် ဘက်ကီသွင်းယူသော ဂိုးနှင့်အတူ သြစတြေးလျကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။
၂၀၀၀၊ ၂၀၁၄ နှင့် ၂၀၀၈ ခုနှစ်က တတိယရခဲ့သော ဂျာမနီ အသင်းက ဇင်ဘာဘွေကို ၆-၁ ဂိုးဖြင့် နိုင်ခဲ့သည်။
အိုလံပစ်ဖလားကို လေးနှစ် ဆက်တိုက်ရယူရန် ကြိုးစားနေ သည့် အမေရိကန်အသင်းက လည်း နယူးဇီလန်ကို ၂-၀ ဂိုး ဖြင့် အနိုင်ရခဲ့ပြီး ဖီဖာအကောင်း ဆုံးအမျိုးသမီး ဘောလုံးသမား ကာလီအယ်လိုက်နှင့် အဲလက်စ် မော်ဂန်တို့က တစ်ဂိုးစီသွင်းယူခဲ့ ကြသည်။
ပြင်သစ်အမျိုးသမီးဘော လုံးအသင်းသည် အဖွင့်ပွဲတွင် ကိုလံဘီယာကို လေးဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။
ကိုလံဘီယာအသင်းမှ ကာ ရိုလီနာအရီယက်စ်က ကိုယ့်ဂိုး ကိုယ်သွင်းမိသောကြောင့် ပြင်သစ်အတွက် ဗွေဆော်ဦးဂိုးရပြီး နောက် လီဆွမ်မာက ခေါင်းတိုက် ဂိုးသွင်းယူခဲ့သည်။
ယင်းနောက် ကမ်မီလီအဘီ လီနှင့် အမ်မဲလ်မာဂျရီတို့က အလွတ်တည်ကန်ဘောများမှ တစ်ဆင့် ဂိုးများသွင်းယူခဲ့၍ ၄-၀ ဂိုးရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ အ သက် (၂၃) နှစ်အောက် အမျိုး သားဘောလုံးပွဲစဉ်များကို သြဂုတ်၎ ရက်ညပိုင်းတွင် စတင်ကျင်းပမည်ဖြစ်သည်။
—Ref:BBC
Originally published at - http://www.7daydaily.com/story/72006
Labels:
အိုလံပစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment