
နည်းပြသစ် ဂွါဒီယိုလာ လက်ထက်တွင် လူသစ် စုဆောင်း နေသော မန်စီးတီး အသင်းသည် ဘရာဇီး လူငယ် ကြယ်ပွင့် တောင်ပံ ကစားသမား ဂါဘရီရယ် ဂျီးဆပ် ကို ပေါင် ၂၇ သန်းဖြင့် ခေါ်ယူ လိုက်သည်။
၎င်းကို ဘရာဇီးလိဂ် ပါမီး ရပ်စ်အသင်းမှ ငါးနှစ် စာချုပ်ဖြင့် မန်စီးတီးက ခေါ်ယူ လိုက်သော် လည်း ဘရာဇီးလိဂ် ပြီးဆုံးချိန် ဒီဇင်ဘာ အထိ ယင်းအသင်း မှာပင် ဂျီးဆပ် ရှိနေမည် ဖြစ်သည်။
ဂျီးဆပ်ကို တောင်အမေ ရိကအတောက်ပဆုံးလူငယ် ကြယ်ပွင့်ဟု မန်စီးတီးက သဘော ထားပြီး ဘာစီလိုနာအသင်း၏ စိတ်ဝင်စားမှုများကို ပယ်ရှားခဲ့ရ သည်။
ဘရာဇီးအိုလံပစ်ဘောလုံး အသင်းတွင်ပါဝင်သော လူငယ်ကစားသမားသည် ပါမီးရပ်စ် အတွက် (၆၇) ကြိမ်ကစားခဲ့ကာ ၂၆ ဂိုးသွင်းယူခဲ့သည်။ ၎င်းသည်ယခုရာသီဘရာဇီးလိဂ်၏ ထိပ် တန်းဂိုးသွင်းရှင် ဖြစ်သော်လည်း လက်ရွေးစင် အ သင်းကြီးတွင်မူ က စားခွင့်မရသေးပေ။
‘‘အသင်းမှာ ပါရမီရှင်တွေ အများကြီးရှိနေပြီး ဂွါဒီယိုလာကလည်း အလွန်တော်တဲ့ မန်နေဂျာဖြစ်တော့ ကျွန်တော်အများကြီး သင်ယူနိုင်မှာပါ’’ဟု ဂျီးဆပ်ကပြောသည်။
‘‘ကျွန်တော်ဘာလုပ်နိုင်တယ်ဆို တာ မန်စီးတီးပရိသတ်တွေကိုပြသဖို့စိတ်လှုပ်ရှားနေ ပါတယ်။ ကျွန်တော်တို့မှာ အတူတကွ ကြီးကျယ်တဲ့အနာဂတ်ရှိတယ်လို့ ယုံကြည်ပါတယ်’’ဟု ဂျီးဆပ်က ဆက်လက်ပြောသည်။
ဂျီးဆပ်သည် ရှေ့တန်းတိုက် စစ်နေရာစုံတွင် ကစားနိုင်သဖြင့် ယမန်နေ့ကပင် ရှောလ်ကေးမှ လီရိုင်စိန်ကို ပေါင်၃၇ သန်းဖြင့် ခေါ်ယူထားသော ဂွါဒီယိုလာ အတွက် တိုက်စစ်ရွေးချယ်စရာ ပိုများလာသည်။
ဂွါဒီယိုလာသည် အီကေးဂန်ဒိုဂန်၊ နိုလီတို၊ ဇင်ချန်ကို၊ အာရွန်မိုအိုင်တို့ကဲ့သို့ ကစားသမားများကို ခေါ်ယူထားသည်။
Originally published at - http://www.7daydaily.com/story/72042

No comments:
Post a Comment