မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, January 25, 2017

ဒီယေဂိုကော်စတာ ချဲလ်ဆီးတွင် ဆက်နေသင့်ဟု မိုက်ကယ်ဘောလက် တိုက်တွန်း




ချဲလ်ဆီး တိုက်စစ်မှူး ဒီယေဂို ကော်စတာ အနေနဲ့ လုံလောက်တဲ့ ငွေကြေးတွေ ပိုင်ဆိုင် ထားပြီ ဖြစ်တာကြောင့် တရုတ် စူပါလိဂ်ကို မပြောင်းရွှေ့ပဲ ချဲလ်ဆီး အသင်းမှာပဲ ဆက်နေ သင့်တယ်လို့ ကစားသမားဟောင်း မိုက်ကယ် ဘောလက်က တိုက်တွန်း ပြောကြား လိုက်ပါတယ်။

အဆိုပါ တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့မယ် ဆိုရင် စပိန် တိုက်စစ်မှူးဖြစ်တဲ့ ဒီယေဂို ကော်စတာအနေနဲ့ တစ်ပတ်လုပ်ခ ပေါင် ၆ သိန်းထိ ရရှိသွားမှာပဲ ဖြစ်ပါတယ်။

ဘောလက်က ကော်စတာအနေနဲ့ ချဲလ်ဆီး အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်းခွဲ လောက်ထိ ရနေ တာကြောင့် လုံလောက်တဲ့ ငွေကြေးကို ရရှိထားပြီးတော့ တရုတ်စူပါလိဂ်မှာ ဆိုရင် ပြိုင်ဆိုင်မှု မရှိဘူးလို့ ဆိုလိုက်တာပါ။

လက်ရှိအချိန်မှာ အော်စကာ၊ တိဗက်စ် အစရှိတဲ့ ဥရောပနဲ့ တောင်အမေရိက နာမည်ကြီး ကစားသမားတွေဟာ တရုတ်စူပါလိဂ်ကို အများအပြား ပြောင်းရွှေ့နေပြီး တရုတ်စူပါလိဂ် အနေနဲ့ သူတို့ရဲ့ လိဂ်ကို အဆင့် မြှင့်တင်ဖို့ ကြိုးပမ်း နေတာပါ။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/185994

No comments:

Post a Comment