
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် စင်ကာပူ ဆီးဂိမ်းက အတွေ့ အကြုံတွေကို ယူပြီး လာမယ့် ဆီးဂိမ်းမှာ အခြေအနေ တခုထိ အောင်မြင်မှုတွေ ရအောင် စွမ်းဆောင် သွားမယ်လို့ ဓားခုတ် အားကစား နည်းပြချုပ် ဦးလွှမ်းအောင်က ပြောပါတယ်။

လွန်ခဲ့တဲ့နှစ် ပိုင်းလောက်ကမှ မြန်မာနိုင်ငံမှာ စတင်ခဲ့တဲ့ ဓားခုတ် ကစားနည်းဟာ ပရိသတ်တွေ အနေနဲ့ အကျွမ်းတ၀င် မရှိခဲ့ပေမယ့် ၂ နှစ် အတွင်းမှာ များစွာ တိုးတက်လာတဲ့ ကစားနည်း ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ လာမယ့် ဆီးဂိမ်းအတွက် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ကတည်းက စတင်ပြီးတော့ နေပြည်တော်မှာ ရှိတဲ့ Gold Camp အားကစား လေ့ကျင့်ရေး စခန်း-၂ လယ်ဝေးမှာ ကစားသမားတွေ စခန်းသွင်း လေ့ကျင့်နေ ပါတယ်။
လက်ရှိအချိန်မှာလည်း တရုတ်နိုင်ငံသားနည်းပြနဲ့ လေ့ကျင့်နေပြီးတော့ လာမယ့်ဆီးဂိမ်း တဦးချင်းပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။
သတင်၊ ဓာတ်ပုံ – ထက်လူ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/175212

No comments:
Post a Comment