မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, November 8, 2016

ကမ္ဘာ့အငယ်တန်း ကြက်တောင်ရိုက် ပြိုင်ပွဲတွင် မြန်မာ ကစားသမား ၂ ဦး ယှဉ်ပြိုင်မည်




စပိန်နိုင်ငံ ဘီလ်ဘာအို မြို့မှာ ကျင်းပ aနတဲ့ ကမ္ဘာ့ အငယ်တန်း ကြက်တောင်ရိုက် ပြိုင်ပွဲမှာ မြန်မာ ကစားသမား ၂ ဦးက တဦးချင်းနဲ့ နှစ်ယောက်တွဲ ပြိုင်ပွဲ တွေမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။



တဦးချင်း ပြိုင်ပွဲမှာ မြန်မာက အောင်မျိုးထူးက အင်္ဂလန်နိုင်ငံက Zach Russ နဲ့ တွေ့ဆုံနေပြီး နောက်ထပ် မြန်မာ ကစားသမား တဦးဖြစ်တဲ့ ဘုန်းပြည့်နိုင်က တောင်အာဖရိက နိုင်ငံက Brandon Nel နဲ့ ပထမအဆင့် ရှုံးထွက် ပွဲစဉ်တွေ အဖြစ် ဒီနေ့မှာ ယှဉ်ပြိုင် ကစား ရမှာပါ။



နိုဝင်ဘာ ၉ ရက်မှာယှဉ်ပြိုင်မယ့် နှစ်ယောက်တွဲပြိုင်ပွဲမှာတော့ မြန်မာကစားသမား ၂ ဦးက ဘိုင်ရ ထားပြီး ပိုလန် ကစားသမား ၂ ဦးနဲ့ ဒုတိယ ရှုံးထွက် ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။

ကမ္ဘာ့အငယ်တန်း ကြက်တောင်ရိုက် ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၆၃ နိုင်ငံ ဝင်ရောက် ယှဉ်ပြိုင်နေပြီး မြန်မာနိုင်ငံက နည်းပြ ၁ ဦး၊ ကစားသမား ၂ ဦးနဲ့ သွားရောက် ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ – ဦးမောင်မောင်

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/175193

No comments:

Post a Comment