မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 7, 2016

အင်္ဂလန် လက်ရွေးစင်အသင်းတွင် ဂျက်ဝဲလ်ရှိုင်းယားကို ပြန်ရွေးချယ်




အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ကစားသမား ၂၄ ဦး စာရင်းကို နည်းပြ ဂယ်ရီ ဆောက်ဂိတ်က ရွေးချယ် ခဲ့ရာမှာ ဂျက်ဝဲလ် ရှိုင်းယား ပြန်လည် ပါဝင်လာပြီး ချိန်ဘာလိန်နဲ့ အန်တိုနီယိုတို့ ချန်လှပ်ခံ ခဲ့ရပါတယ်။

ဘုန်းမောက် အသင်းမှာ အငှားနဲ့ ကစားနေတဲ့ အာဆင်နယ် ကွင်းလယ် ကစားသမား ၀ဲလ်ရှိုင်းယားဟာ ယူရို ၂၀၁၆ ပြိုင်ပွဲ ပြီး ကတည်းက လက်ရွေးစင် အသင်းမှာ ရွေးချယ် ခံရခြင်း မရှိတော့ ပေမယ့် လက်ရှိ အချိန်မှာတော့ ပြန်လည် ရွေးချယ် ခံခဲ့ရတာပါ။

ဒါ့အပြင် အာဆင်နယ်မှာ ပွဲထွက်ခွင့် မရတဲ့ ချိန်ဘာလိန်လည်း ဆက်လက် ချန်လှပ် ခံခဲ့ရပြီး ၀က်စ်ဟမ်းမှာ ခြေစွမ်းပြနေတဲ့ တောင်ပံ ကစားသမား အန်တိုနီယို ကိုလည်း ဂယ်ရီ ဆောက်ဂိတ်က ရွေးချယ်ခြင်း မပြုခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဂိုးသမားနေရာမှာ ဂျိုးဟတ်နဲ့ ဖော်စတာတို့ပဲ ရွေးချယ်ခဲ့ပြီး နောက်တန်းမှာလည်း ကာဟေးလ်၊ စတုန်းစ်၊ ဂျာဂီရယ်ကာတို့ကို ရွေးချယ်ခဲ့ပြီး ဒဏ်ရာရနေတဲ့ စမောလင်းရဲ့နေရာမှာတော့ ဘန်လေနောက်ခံလူ မိုက်ကယ်ကိန်းကို ပြန်လည်ရွေးချယ်ခဲ့ပါတယ်။

ကွင်းလယ်မှာ ခရစ္စတယ်ပဲလေ့က တောင်းဆန်၊ မန်ယူက လင်ဂတ်၊ လက်စတာက ဒရင့်ဝါးတားတို့ကို ပြန်ရွေးခဲ့ပြီး တိုက်စစ်မှာလည်း ဟယ်ရီကိန်း ပြန်လည်ပါဝင်လာသလို ၀ဲလ်ကော့၊ စတာရစ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဗာဒီတို့လည်း ပါဝင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ လာမယ့် နိုဝင်ဘာ ၁၁ မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် စကော့တလန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်မှာ စပိန်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/175187

No comments:

Post a Comment