
ဘရာဇီး အိုလံပစ် ပြိုင်ပွဲ အလေးမ ပြိုင်ပွဲမှာ အာမေးနီးယား ကစားသမား တဦးဟာ အလေး မနေစဉ် တံတောင် ဆစ်ရိုး လွဲချော် သွားလို့ ဆေးရုံ တင်ပို့ခဲ့ ရပါတယ်။
အမျိုးသား ၇၇ ကီလို တန်းမှာ ၀င်ပြိုင်ခဲ့တဲ့ အာမေးနီးယား ကစားသမား Karapetyan ဟာ အမြန်မ ရတဲ့ အဆင့်မှာ ၁၇၄ ကီလို အထိ မနိုင် ခဲ့ပေမယ့် နှစ်ဆင့် မရတဲ့ အဆင့် မှာတော့ ၁၉၅ ကီလိုကို မနေစဉ်မှာ တံတောင် ဆစ်ရိုးက ပြောင်းပြန် ဖြစ်သွား ခဲ့ပြီး ဆေးရုံကို အမြန်ဆုံး တင်ပို့ ခဲ့ရတာပါ။
အသက် ၂၀ ရှိ Karapetyan ဟာ ကြေးတံဆိပ်ဆု အတွက် ယှဉ်ပြိုင်နေစဉ် တံတောင်ဆစ် ပြောင်းပြန် ဖြစ်သွား ရတာ ဖြစ်ပြီး ပြိုင်ပွဲကနေ နုတ်ထွက် ခဲ့ရပါတယ်။
အမျိုးသား ၇၇ ကီလိုတန်း အလေးမပြိုင်ပွဲမှာ ကာဇက်စတန်က ရာဟီမော့က ရွှေတံဆိပ်ရခဲ့ပြီး တရုတ်ကစားသမား လျူက ဒုတိယ၊ အီဂျစ် အလေးမသမား မာမွတ်က တတိယ အသီးသီး ရယူနိုင်ခဲ့ကြပါတယ်။
ဓာတ်ပုံ - Getty Images
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/163328

No comments:
Post a Comment