
မနေ့ညက ယှဉ်ပြိုင် ကစားခဲ့ ကြတဲ့ ပရီးမီးယားလိဂ် အသင်းကြီး နှစ်သင်းဖြစ်တဲ့ မန်ယူ အသင်းနဲ့ အာဆင်နယ် တို့ပွဲမှာ ၁-၁ ဂိုးနဲ့ သရေကျ သွားပါတယ်။
အသင်းကြီး နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲဖြစ်လို့ နှစ်ဖက် အပြန် အလှန် ထိုးဖောက် ကစား ခဲ့ကြတာ တွေ့ရ ပါတယ်။
ဦးဆောင်ဂိုးကို အိမ်ရှင် မန်ယူ အသင်းက ဒုတိယပိုင်း ပွဲချိန် ၆၈ မိနစ်မှာ ဟာရဲရာ ပေးပို့တဲ့ ဘောလုံးကို မာတာက သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ် အသင်း အတွက် ချေပဂိုး ကိုတော့ ပွဲပြီး ခါနီး လူစား ၀င်လာတဲ့ တိုက်စစ်မှူး ဂီရော့ဒ်က ၈၉ မိနစ်မှာ သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။
တခြားအသင်းကြီးတွေရဲ့ ပွဲစဉ်အချို့မှာတော့ မန်စီးတီးအသင်းက အဝေးကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
အမှတ်ပေးဇယား ထိပ်ဆုံးက လီဗာပူးအသင်းကတော့ ဆောက်သမ်ပတန်အသင်းနဲ့ ဂိုးမရှိ သရေကျသွားပါတယ်။ စပါးအသင်းကတော့ အိမ်ကွင်းမှာ ၀က်စ်ဟမ်းအသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
အမှတ်ပေးဇယားထိပ်ဆုံးမှာ လီဗာပူး (၁)၊ မန်စီးတီး(၂)၊ ချဲလ်ဆီး(၃)၊ အာဆင်နယ်(၄)၊ စပါး(၅)၊ မန်ယူ (၆) စသဖြင့် အသီးသီး ရပ်တည်နေကြပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/176734





No comments:
Post a Comment