
အိုင်ယာလန် တိုက်စစ် မှူးဟောင်း ရော်ဘီ ကိန်းဟာ ဒီနှစ် အကုန်မှာ အမေရိကန် မေဂျာလိဂ် ကလပ် အယ်လ်အေ ဂလက်စီ အသင်းကို စွန့်ခွာတော့ မယ်လို့ ပြောလိုက် ပါတယ်။
အသက် ၃၆ နှစ် အရွယ် တိုက်စစ်မှူးရဲ့ စာချုပ် သက်တမ်းဟာ ဒီနှစ် အဆုံးမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
သူဟာ ၂၀၁၁ မှာ ပရီးမီးယားလိဂ် ကလပ် စပါးကို စွန့်ခွာပြီး ဂလက်စီ အသင်းကို ရောက်ရှိလာကာ ၅ နှစ်ကြာ ကစား ခဲ့ပါတယ်။
တိုက်စစ်မှူး ကိန်းဟာ ဂလက်စီ အတွက် ၁၄၆ ပွဲ ကစားပေး ထားပြီး ၉၂ ဂိုး သွင်းပေး ထားပါတယ်။
အခုအချိန် အထိ ကောင်းကောင်း ကစားနိုင်သေး တယ်လို့ ခံစားရတဲ့ အတွက် နောက်ထပ် စွန့်စားမှု တခုကို ရှာဖွေ သွားမယ်လို့ ကိန်းက ပြောပါတယ်။
သူဟာ အသင်းကို မေဂျာလိဂ်မှာ ဖလား ၃ ခု ရအောင် ကူညီနိုင် ခဲ့သလို သူကိုယ်တိုင် ကလည်း ၂၀၁၄ ရာသီမှာ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခြင်း ခံခဲ့ ရပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/176519





No comments:
Post a Comment