
တိုက်စစ်မှူး ဟယ်ရီကိန်း အနေနဲ့ အသင်းနဲ့ စာချုပ် သစ်မှာ လက်မှတ် မထိုးသေး ပေမယ့် မစိုးရိမ် ဘူးလို့ စပါးနည်းပြ ပိုချက်တီနိုက ပြောပါတယ်။
အင်္ဂလန် တိုက်စစ် မှူးဟာ စာချုပ် သစ်မှာ လစာငွေနဲ့ပ တ်သက်လို့ ညှိနှိုင်းမှု အဆင် မပြေသေးတဲ့ အတွက် လက်မှတ် မထိုးနိုင်သေးဘဲ ဖြစ်နေတာပါ။
စပါးအသင်း ကတော့ လစာငွေကို တခြား ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းတွေနဲ့ နှိုင်းယှဉ်ဖို့ မသင့်ဘူးလို့ ပြောပါတယ်။
အသင်းက အသက် ၂၃ နှစ် အရွယ် ကိန်းကို တပတ်လစာ ပေါင် ၅ သောင်းနဲ့ ၂၀၂၀ အထိ စာချုပ်ဖို့ အလို ရှိနေတာပါ။
ပရီးမီးယားလိဂ်မှာ တပတ်ကို လုပ်ခလစာအများဆုံးရတဲ့ အင်္ဂလန်ကစားသမားတွေထဲမှာ မန်ယူတိုက်စစ်မှူး ရွန်နီက တပတ်ကို ပေါင် ၃ သိန်း၊ လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျက ပေါင် ၁ သိန်းခွဲ၊ လက်စတာတိုက်စစ်မှူး ဗာဒီက ပေါင် ၁ သိန်း အသီးသီး ရရှိထားပါတယ်။
ဓာတ်ပုံ-ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/176520





No comments:
Post a Comment