
မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အာဆင်နယ်နဲ့ စပါးတို့ အသီးသီး ဂိုးပြတ် အနိုင်ရ သွားပါတယ်။
အာဆင်နယ်က အဝေးကွင်းမှာ ၀က်စ်ဟမ်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားတာပါ။ ဂိုးတွေကို အိုဇေး၊ ချိန်ဘာလိန်နဲ့ ဆန်းချက်က ဟက်ထရစ်ဂိုး သွင်းယူ ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမား ဆုကိုလည်း တိုက်စစ်မှူး ဆန်းချက်ကပဲ ရရှိသွား ပါတယ်။
အာဆင်နယ်ဟာ ကစားထားတဲ့ ၁၃ ပွဲစလုံးမှာ ရှုံးပွဲမရှိသေးပါဘူး။ ဒီပွဲနိုင်တဲ့ အာဆင်နယ်က ၃၁ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
တခြားပွဲစဉ်မှာတော့ စပါးအသင်းက အိမ်ကွင်းမှာ ဆွမ်ဆီးကို ၅ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။ အနိုင်ဂိုးတွေကို ကိန်း၊ ဆွန်နဲ့ အာရစ်ဆန်တို့က သွင်းယူပါတယ်။
ဒီပွဲနိုင်တဲ့ စပါးအသင်းက ၂၇ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်နေပြီး ဆွမ်ဆီးကတော့ ၉ မှတ်နဲ့ အောက်ဆုံး အဆင့်မှာ ရှိနေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/178441





No comments:
Post a Comment