Sunday, December 4, 2016
နောက်ကျဂိုးများဖြင့် ဘုန်းမောက်က လီဗာပူးကို အံ့အားသင့်ဖွယ် အနိုင်ယူ
လီဗာပူးသည် ဘုန်း မောက် အိမ်ကွင်းတွင် ပထမပိုင်း သုံးမိနစ် အတွင်း နှစ်ဂိုး သွင်း၍ ဦး ဆောင်နိုင် ခဲ့သော်လည်း အေကီ ၏ နောက်ဆုံး မိနစ် သွင်းဂိုးနှင့်အ တူ ဧည့်သည် လီဗာပူး ၄-၃ ဂိုး ဖြင့် ရှုံးနိမ့် ခဲ့ရာ အမှတ်ပေး ဇယား ဒုတိယ aနရာသို့ တက်ရောက်ခွင့် လွဲချော် ခဲ့သည်။
ဘုန်းမောက်ကို နိုင်လျှင် ထိပ်ဆုံးရှိ ချယ်လ်ဆီးနှင့် တစ် မှတ်အကွာ ဒုတိယနေရာသို့ ရောက်ရှိနိုင်မည့်အခြေအနေတွင် လီဗာပူးသည် ဆာဒီယိုမိန်း၊ အိုရီ ဂီတို့၏ သွင်းဂိုးများဖြင့် ပထမပိုင်း ၌ ဦးဆောင်ထားနိုင်ခဲ့သည်။
ဒုတိယပိုင်းအစတွင် ဘုန်း မောက်က ပင်နယ်တီမှ ချေပခဲ့ သော်လည်း အမ်မရီကမ်းက လီ ဗာပူးအတွက် တစ်ဂိုးသွင်းယူနိုင် ခဲ့၍ ၃-၁ ဂိုးဖြင့် ထပ်မံဦးဆောင် နိုင်ခဲ့သည်။
သို့သော် ဘုန်းမောက်က ကစားအား မြှင့်တင်လာမှုမှ တစ် ဆင့် ဖရာဆာ၊ ကွတ်စ်တို့၏ ဆက်တိုက်နီးပါးသွင်းဂိုးများနှင့်အတူ သုံးဂိုးစီသရေကျနေစဉ် ဘုန်း မောက်အတွက် အနိုင်ဂိုးကို အေ ကီက နောက်ဆုံးမိနစ်၌ သွင်းယူ ခဲ့သည်။
ယခုပွဲတွင် ဘုန်းမောက်အ သင်းသည် ကြီးကျယ်သော တိုက်စစ်ဆင်လိုစိတ်ကို ပြသခဲ့၍ ဘောလုံးပွဲသုံးသပ်သူများ၏ ချီးကျူးမှု ကို ခံယူခဲ့ရသည်။
ယင်းရလဒ်ကြောင့် ဘုန်း မောက်သည် နံပါတ် (၁၀) နေရာ သို့ ၁၈ မှတ်ဖြင့် ရောက်ရှိလာခဲ့ပြီး လီဗာပူးက ၃၀ မှတ်ဖြင့် အာဆင် နယ်နောက် တတိယနေရာ၌ ရှိနေသည်။ ‘‘အဲဒါမယုံနိုင်လောက်တဲ့ တုံ့ပြန်ကစားမှုရလဒ်တစ်ခုပါ။ ဒီရလဒ်က ကျွန်တော်တို့ကို ယုံ ကြည်မှုပေးပါတယ်’’ဟု ဘုန်း မောက်အတွက် အနိုင်ဂိုးကို သွင်း ယူခဲ့သူ အေကီက ပြောသည်။
‘‘ဘုန်းမောက်အသင်းအနိုင် နဲ့ ထိုက်တန်တယ်လို့ ကျွန်တော် အရင်ဆုံးပြောရပါမယ်။ ဒီပွဲက သင်ခန်းစာယူတတ်မယ်ဆိုရင် တော့ အဆင်ပြေပါတယ်’’ဟု လီ ဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ပြောကြားသည်။ —Ref:BBC
Photo : Daily Mail
From : 7 day daily
Originally published at - http://www.7daydaily.com/story/82691
Labels:
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment