Sunday, December 4, 2016
မန်စီးတီး ၁-၃ ချဲလ်ဆီး၊ အသင်းသားများအပြုမူ ဂွါဒီယိုလာတောင်းပန် (ရုပ်သံဟိုက်လိုက်)
မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာက သူ့အသင်းသား တွေရဲ့ အပြုအမှုနဲ့ လုပ်ရပ်တွေ အတွက် တောင်းပန်ကြောင်း ပြောဆို လိုက်ပါတယ်။
မန်စီးတီးက အိမ်ကွင်းမှာ ချဲလ်ဆီးကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးတဲ့ ပွဲမှာ စီးတီး ကစားသမား တွေနဲ့ ချဲလ်ဆီး ကစားသမားတွေ အချင်း များပြီး ကိုယ်ထိ လက်ရောက် ပြုမှုတွေ လုပ်ခဲ့ ပါတယ်။
စီးတီး တိုက်စစ်မှူး အဂူရိုက ကြမ်းကြမ်း တမ်းတမ်း ဖျက်ထုတ်တဲ့ အတွက် အထုတ်ခံ ရသလို ကွင်းလယ် သမား ဖာနန်ဒင်ဟို ကတော့ ချဲလ်ဆီး ကစားသမား ဖာဘရီဂတ်စ်ကို ကိုယ်ထိ လက်ရောက် ပြုမှုတဲ့အ တွက် အထုတ်ခံ ရပါတယ်။
အခုလို ဖြစ်ရပ် အတွက် တောင်းပန်ကြောင်း မန်စီးတီး နည်းပြက ပြောပါတယ်။
အထုတ်ခံရတဲ့အတွက် အဂူရိုက ၄ ပွဲပယ် ခံရမှာ ဖြစ်ပြီး ဖာနန်ဒင်ဟို ကတော့ ၃ ပွဲအထိ အပယ်ခံ ရနိုင်ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီး အတွက် ဂိုးတွေကို တန်ပြန် တိုက်စစ်တွေ ကနေ ကော်စတာ၊ ၀ီလျံနဲ့ ဟာဇက်တို့က သွင်းယူတာ ဖြစ်ပါတယ်။
ဒီပွဲနိုင်တဲ့ ချဲလ်ဆီးက ၃၄ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/178441
Labels:
ရုပ်သံ,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment