
ကွင်းလယ် ကစားသမား ကော်တင်ဟိုရဲ့ အနာဂတ်ဟာ အသင်းမှာ ရှိနေ တယ်လို့ လီဗာပူး နည်းပြ ဂျာဂန် ကလော့က ပြောပါတယ်။
အသက် ၂၄ နှစ် အရွယ် ဘရာဇီး ကွင်းလယ်လူ ကော်တင်ဟိုဟာ ဒီနှစ်ရာသီမှာ ခြေစွမ်းပြ နေတာကြောင့် စပိန် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ ရီးရဲလ် မက်ဒရစ်နဲ့ ဘာစီလိုနာ တို့က ခေါ်ယူဖို့ စိတ်ဝင် စားခြင်း ခံနေ ရပါတယ်။
ကော်တင်ဟိုဟာ လီဗာပူး အတွက် လောလောဆယ် ၅ ဂိုး သွင်းယူ ထားပြီး ၅ ဂိုးရအောင် ဖန်တီးပေး ထားပါတယ်။ ဒ့ါအပြင် ဘရာဇီး လက်ရွေးစင် အသင်း မှာလည်း ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
ကော်တင်ဟိုရဲ့ အသက်က ငယ်သေးတဲ့အတွက် ဘာပဲဖြစ်ဖြစ် သူ့အနာဂတ်က လီဗာပူးမှာပဲ ဆက်ရှိမှာပါလို့ နည်းပြက ပြောပါတယ်။
လီဗာပူးဟာ ဒီနှစ်ရာသီမှာ တာထွက်ကောင်းနေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။
ဓာတ်ပုံ - Getty
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/176502





No comments:
Post a Comment