
ဒီနှစ် ဘောလုံး ရာသီဟာ မန်ယူ ကစားသမား ဘ၀ နောက်ဆုံးနှစ် ဖြစ်နိုင် တယ်လို့ ၀ါရင့် ကွင်းလယ် ကစားသမား မိုက်ကယ် ကာရစ်က ပြောဆို လိုက်ပါတယ်။
အသက် ၃၅ နှစ်ရှိ အင်္ဂလန် ကွင်းလယ် ကစားသမားဟောင်း ကာရစ်ဟာ မော်ရင်ဟိုရဲ့ လက်အောက်မှာ ပရီးမီးယားလိဂ် တပွဲပဲ ကစားရ သေးတာပါ။
ဒီလိုပွဲထွက်ခွင့် မရခဲ့ပေမယ့် မန်ယူ အသင်းလို ထိပ်တန်း အသင်း တသင်းမှာ အသက် ၃၅ နှစ်ရှိ ကစားသမား တဦးအနေနဲ့ ပွဲထွက်ခွင့် ရဖို့မလွယ်မှန်း သိရှိ ထားတယ်လို့ ကာရစ်က ၀န်ခံပြောကြား ခဲ့ပါတယ်။
မန်ယူအသင်းနဲ့ ကာရစ်ရဲ့ စာချုပ် သက်တမ်းဟာ လာမယ့်ဇွန်လမှာ သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး နည်းပြ မော်ရင်ဟို အနေနဲ့ ပေါ့ဘာ၊ ဟာရဲယားနဲ့ ဖယ်လိုင်နီ တို့ကိုပဲ အသုံးပြုနေတဲ့ အတွက် ကာရစ်ကို ထွက်ခွာ ခွင့်ပေးဖို့ ရှိနေပါတယ်။
ကွင်းလယ်ကစာသမား ကာရစ်ကတော့ နည်းပြက သဘောကျမယ်ဆိုရင် မန်ယူအသင်းမှာ ကစားနိုင်သမျှ ဆက်ကစားချင်တယ်လို့ ပြောပါတယ်။
ကာရစ်ဟာ ၂၀၀၆ ခုနှစ်ကတည်းက စပါးအသင်းကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး မန်ယူအသင်းနဲ့အတူ ပွဲပေါင်း ၄၂၇ ပွဲမှာ ၂၄ ဂိုး သွင်းယူထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/176392





No comments:
Post a Comment