
အာဆီယံ ဆူဇူကီး ဖလား ပြိုင်ပွဲ လက်မှတ် တွေကို ဒီနေ့ နိုဝင်ဘာ ၁၇ ရက်မှာ စတင် ရောင်းချ သွားမှာ ဖြစ်ပါတယ်။
လက်မှတ် ဈေးနှုန်းတွေ အဖြစ် အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၃၀၀၀ ကျပ် သတ်မှတ် ထားပြီး လက်မှတ် တစောင်နဲ့ ပွဲစဉ်နှစ်ပွဲ ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။
လက်မှတ် ၀ယ်ယူ ရာမှာ မှတ်ပုံတင်တခုကို လက်မှတ်နှစ်စောင်ပဲ ၀ယ်ယူနိုင်မှာ ဖြစ်ပေမယ့် ၃ ပွဲစာအတွက်လည်း တခါတည်း ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။
၃ ပွဲစာ အထူးတန်းလက်မှတ်အတွက် ကျပ် ၁၅၀၀၀၊ ရိုးရိုးတန်း ၃ ပွဲစာအတွက် ကျပ် ၉၀၀၀ သတ်မှတ်ထားတာပါ။
ကြိုတင်လက်မှတ်တွေကို မြန်မာပလာဇာ၊ အောင်ဆန်းကွင်းအထူးတန်းဝင်ပေါက်၊ ပဒုမ္မာကွင်း အထူးတန်းဝင်ပေါက်၊ သုဝဏ္ဏကွင်း အသင်းတိုက်မှတ်တိုင်ဘက်ခြမ်း ဂိတ်ပေါက်နဲ့ ဝေဇယန္တာလမ်းဘက်ခြမ်း ၀င်ပေါက်တွေမှာ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။
နိုဝင်ဘာ ၂၀ ရက်မှာစတင်မယ့် ဆူဇူကီးဖလား အုပ်စုအဖွင့်ပွဲစဉ်တွေမှာ ပထမပွဲအဖြစ် ညနေ ၃ နာရီမှာ မလေးရှားနဲ့ ကမ္ဘောဒီးယား၊ ညနေ ၆ နာရီ ဒုတိယပွဲအဖြစ် မြန်မာနဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/176393





No comments:
Post a Comment