Wednesday, November 16, 2016
ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၂ ဘောလုံး အသင်း စခန်းသွင်း လေ့ကျင့်
မလေးရှား နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ၂၉ ကြိမ် မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ့် မြန်မာ့ လက်ရွေးစင် ယူ-၂၂ အသင်းကို ပဏာမ လက်ရွေးစင် ကစားသမား ၂၆ ဦး၊ အုပ်ချုပ်သူ နည်းပြ အဖွဲ့ဝင် ၈ ဦးတို့နဲ့ ဖွဲ့စည်း ထားပြီး နိုဝင်ဘာ ၁၅ ရက်နေ့မှာ စတင် စခန်းသွင်း လေ့ကျင့် ခဲ့ပါတယ်။
ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၂၂အသင်း…
ဂိုးသမား ဘုန်းသစ္စာမင်း (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)၊ ပြည့်လျှံအောင် (ရတနာပုံ)။
နောက်တန်း – ထိုက်ထိုက်အောင်၊ လှိုင်မျိုးအောင် (ရှမ်းယူနိုက်တက်)၊ နန်းဝေမင်း၊ သီဟထက်အောင် (ရန်ကုန်)၊ ထလျန်ဟုပ်ထန်း (ချင်းယူနိုက်တက်)၊ နိုင်လင်းထွန်း (မကွေး)၊ ရဲရင့်အောင်၊ စည်သူအောင်၊ ဟိန်းနေဆန်း (ရတနာပုံ)၊ သိန်းနိုင်ဦး (ဧရာဝတီ)၊ အောင်မိုးထွေး (ဇွဲကပင်)၊ အောင်ဟိန်းစိုးဦး (ဆောက်သမ်းမြန်မာ)။
အလယ်တန်း – စွမ်းထက်အောင်၊ မင်းခန့်ကျော် (ရန်ကုန်)၊ ရန်ပိုင်ဦး၊ နေမိုးအောင် (ဧရာဝတီ)၊ မောင်မောင်စိုး (မကွေး)၊ ရဲရင့်ထွန်း (ရတနာပုံ)၊ အောင်မိုးသူ (မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)။
ရှေ့တန်း – သန်းဇော်ဟိန်း (မကွေး)၊ ရှိုင်းသူရ (ရတနာပုံ)၊ ရွှေကို၊ စအောင်ပြည့်ကို (ရှမ်းယူနိုက်တက်)။
အုပ်ချုပ်သူ၊ နည်းပြ – ဦးကြည်လွင် (နည်းပြချုပ်)၊ ဦးကျော်လွင်၊ ဦးမြင့်ကို (လက်ထောက်နည်းပြ)၊ ဦးမျိုးကျော်သူ (ဂိုးနည်းပြ)၊ ဦးဇော်မင်းထိုက် (အတွင်းရေးမှူး)၊ ဒေါက်တာကျော်သန့်ဇင် (ဆရာဝန်)၊ ဦးဘကြိုင် (အကြောကျွမ်းကျင်)၊ ဦးအောင်အောင်ထွန်း (Kit Manager)။
ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/176275
Subscribe to:
Post Comments (Atom)
No comments:
Post a Comment