
ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် တောင် အမေရိက ဇုန်က အာဂျင် တီးနားနဲ့ ကိုလံ ဘီယာတို့ နိုဝင်ဘာ ၁၆ ရက် မနက် အစောပိုင်းက ယှဉ်ပြိုင်ရာ အာဂျင် တီးနားက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
အာဂျင်တီးနား အသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က ဘရာဇီး အသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့် ခဲ့တာကြောင့် ဒီပွဲမှာ အနိုင်ရဖို့ အသေ အချာပြင်ဆင်ပြီး ယှဉ်ပြိုင် ခဲ့တာပါ။
ဒီပွဲမှာ အာဂျင်တီးနား အသင်း ခေါင်းဆောင် မက်ဆီ အထူးခြေစွမ်းပြ ကစားနိုင် ခဲ့သလို ပွဲအစ ၁၀ မိနစ်မှာ ကန်သွင်းခွင့် ရခဲ့တဲ့ ဖရီးကစ် ကိုလည်း လှလှပပ ကန်သွင်းပြီး အဖွင့်ဂိုး သွင်းယူပေး ခဲ့တာပါ။
ဒီ့နောက် ပွဲချိန် ၂၃ မိနစ်မှာ တိုက်စစ်မှူး လူးကပ်စ် ပရတ်တိုက အာဂျင်တီးနား အတွက် ဒုတိယဂိုး၊ ၈၄ မိနစ်မှာ ဒီမာရီယာက တတိယဂိုး သွင်းယူပြီး ပွဲအပြီးမှာ အာဂျင် တီးနားက ၃ ဂိုးပြတ်နဲ့ အနိုင်ရ သွားခဲ့ ပါတယ်။
လက်ရှိ ဒီအုပ်စုက ပွဲစဉ် ၁၂ ပွဲ ယှဉ်ပြိုင်အပြီးမှာတော့ အာဂျင်တီးနားက ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်နေပြီး ကိုလံဘီယာက ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၆ မှာ အသီးသီး ရပ်တည်နေပါတယ်။
အုပ်စုတွင်း ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ဘရာဇီးနဲ့ အဆင့် ၇ မှာ ရပ်တည်နေတဲ့ ပီရူးတို့ကတော့ လက်ရှိအချိန်မှာ ခြေစစ်ပွဲစဉ် ယှဉ်ပြိုင်ကစားနေဆဲ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/176221

No comments:
Post a Comment