မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, August 3, 2016

ဗီယက်နမ်ကို ရှုံးပြီး မြန်မာအမျိုးသမီးအသင်း ဗိုလ်လုပွဲနှင့် လွဲချော်




ဗီယက်နမ်ကို ပင်နယ်တီ အဆုံး အဖြတ်မှာ ရှုံးခဲ့တဲ့ မြန်မာ အမျိုးသမီး အသင်းဟာ သြစတြေးလျ အသင်းနဲ့ တတိယ လုပွဲ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

သြဂုတ် ၂ ရက် ညနေက ယှဉ်ပြိုင်တဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ မြန်မာ အမျိုးသမီး အသင်းဟာ ပွဲချိန် ၁၅ မိနစ်နဲ့ ၁၆ မိနစ် တွေမှာ ဗီယက်နမ် အသင်းကို ဦးဆောင်ဂိုးတွေ ဆက်တိုက် ပေးခဲ့ ရပေမယ့် ပွဲချိန် ၅၉ မိနစ်မှာ ၀င်းသိဂီထွန်းနဲ့ ၇၆ မိနစ်မှာ မေသူကျော် တို့က ချေပဂိုးတွေ ပြန်သွင်းနိုင် ခဲ့ပါတယ်။

ပွဲပြီး ခါနီးမှာလည်း ပင်နယ်တီ ကနေ တဆင့် ၁ ဂိုး ထပ်သွင်းပြီး ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ ခဲ့ပေမယ့် ထပ်ဆောင်း အချိန်ပို နောက်ဆုံးမိနစ်မှာ ပင်နယ်တီ ကနေ ချေပဂိုး ပြန်ပေးခဲ့ရလို့ ၃ ဂိုးစီ သရေကျ ခဲ့တာပါ။

အချိန်ပို မိနစ် ၃၀ အထိ သရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရာမှာ မြန်မာအသင်းခေါင်းဆောင် ခင်မာလာထွန်းရဲ့ ကန်ချက်ကို ဗီယက်နမ်ဂိုးသမား ပုတ်ထုတ် ကာကွယ်နိုင်ခဲ့ပြီး ဗီယက်နမ်ဘက်က ၅ ဂိုးစလုံး ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့တဲ့အတွက် ဗီယက်နမ်အသင်း ဗိုလ်လုပွဲတက်ခဲ့တာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ် ပထမပွဲစဉ်မှာ ထိုင်းအမျိုးသမီးအသင်းက သြစတြေးလျ ယူ ၂၀ အမျိုးသမီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။

ဗိုလ်လုပွဲနဲ့ တတိယလုပွဲစဉ်တွေကို လာမယ့် သြဂုတ် ၄ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်နဲ့ ထိုင်း၊ တတိယလုပွဲအဖြစ် မြန်မာနဲ့ သြစတြေးလျ ယူ ၂၀ အသင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ – လွှမ်းမိုးအောင်

ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/161971

No comments:

Post a Comment